ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်လာတဲ့ အရေးပေါ်အခြေအနေအတွက် ကနဦးအကူအညီ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် လိုအပ်မယ်လို့ ခန့်မှန်းထားကြောင်း ကိုလံဘီယာသမ္မတ ဂူစတာဗို ပေထရိုက နိုဝင်ဘာ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ချိုကိုဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ရေလွှမ်းမိုးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်လာခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ မိသားစုတွေ ထိခိုက်ခဲ့ပြီး မြူနီစီပါယ် အများအပြားရှိ နေအိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
ကိုလံဘီယာရဲ့ ပစိဖိတ်ကမ်းရိုးတန်းနဲ့ အန်ဒီယမ် ဒေသတလွှား မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၉၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူမှုရပ်ရွာတွေ ရေနစ်မြုပ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
ပြင်းထန်တဲ့ ရာသီဥတုကြောင့် တောင်အမေရိကနိုင်ငံတဝန်းမှာ နေရာအနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကိုလံဘီယာရဲ့ ပထမဆုံး လက်ဝဲဝါဒီ နိုင်ငံ့ခေါင်းဆောင်က နိုဝင်ဘာ ၁၀ ရက်မှာ နိုင်ငံတဝန်း ဘေးဥပါဒ်အခြေအနေကို ကြေညာခဲ့ပါတယ်။
Source : Reuters