Home
နိုင်ငံတကာ
ထိုင်ဝမ်တွင် မုန်တိုင်းကြောင့် ၂ ဦးသေဆုံး
DVB
·
November 1, 2024
Photo : SET TV

ထိုင်ဝမ်နိုင်ငံမှာ ကောင်-ရေးမုန်တိုင်းကြောင့် လူ ၂ ယောက် သေဆုံးခဲ့ပြီး မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီးတွေကို ရှင်းလင်းနေပါတယ်။

၁ နာရီ ၁၈၄ ကီလိုမီတာ ပြင်းအားရှိတဲ့ ဒီတိုင်ဖွန်းမုန်တိုင်းဟာ ထိုင်ဝမ်ကိုဝင်ရောက်တဲ့ မုန်တိုင်းတွေအနက် နှစ် ၃၀ အတွင်း အကြီးဆုံး တိုင်ဖွန်းမုန်တိုင်းပဲ ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ထိုင်ဝမ်အရှေ့ပိုင်းမှာ သစ်ပင်တွေလဲတာ၊ ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆိုင်ကယ်စီးရင်း ဓာတ်တိုင်ပိခဲ့တဲ့ လူတယောက် သေဆုံးခဲ့မှု အပါအဝင် ဒဏ်ရာရသူ ၅၀၀ ကျော် ရှိတယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

ကောင်-ရေးမုန်တိုင်းဟာ ထိုင်ဝမ်ကို ဝင်ရောက်ခဲ့ပြီး အားပျော့ခဲ့ကာ တရုတ်နိုင်ငံကို ဦးတည်ထွက်ခွာခဲ့ပါတယ်။

လက်ရှိ ထိုင်ဝမ်မှာ ကျောင်းတွေ၊ ရုံးတွေ၊ ဆိုင်တွေ ပုံမှန်အတိုင်း ပြန်ဖွင့်နေပြီး မုန်တိုင်းကြောင့် ပျက်စီးမှုတွေကို ရှင်းလင်းနေပါတယ်။

ထိုင်ဝမ်ဟာ နှစ်စဉ် ဇူလိုင်လကနေ စက်တင်ဘာလအထိ မုန်တိုင်းဒဏ် ခံရလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ အောက်တိုဘာလမှာပဲ မုန်တိုင်းကြီး ၂ ခု ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လကဆိုရင် ထိုင်ဝမ်ကိုဝင်ရောက်တဲ့ မုန်တိုင်းကြီး ၃ ခုအထိ ရှိခဲ့ပါတယ်။

အောက်တိုဘာလ အစောပိုင်းက ဝင်ရောက်ခဲ့တဲ့ မုန်တိုင်း ဂီမီကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

မိုးလေဝသပညာရှင်တွေကလည်း နှစ်ကုန်ပိုင်းမှာ ထူးခြား အားပြင်းတဲ့ မုန်တိုင်းတွေ ဝင်ဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ရာသီဥတု‌ပြောင်းလဲမှုကြောင့် မုန်တိုင်းတွေ ပိုများလာပြီး မိုးကြီးမှု၊ ရေကြီးမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ကြုံတွေ့ရနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024