Home
သတင်းဓာတ်ပုံ
မကြာခဏ တိုက်ခိုက်ခံနေရသည့် ဘန်ကောက်စစ်ရှောင်စခန်းမြင်ကွင်း (ဓာတ်ပုံ)
DVB
·
November 22, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ရော လေကြောင်းကပါ စုစုပေါင်း ၄ ကြိမ် တိုက်ခိုက်ခဲ့တဲ့အတွက် ၁၂ ယောက် သေဆုံးကာ ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဖြစ်စဉ်အသေးစိတ်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်တပ်က ညအချိန် လက်နက်ကြီးနဲ့ပစ်ခတ်မှု (အသက် ၈ နှစ်အရွယ် ကလေးတ‌‌ယောက် အပါအဝင် စစ်ရှောင် ၄ ယောက် ဒဏ်ရာရ)

၂၀၂၄ ခုနှစ်၊ မတ် ၂၂ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိရွာရှိ ဆေးရုံကို စစ်တပ်က ပေါင် ၁၂၀ ဗုံး ၄ လုံး ကြဲချကာ လေကြောင်းဖြင့် တိုက်ခိုက်မှု (စစ်ရှောင်တယောက် အပါအဝင် လူ ၂ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရ)

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်တပ်က ညအချိန် ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချကာ လေကြောင်းဖြင့် တိုက်ခိုက်မှု (ကလေး ၆ ယောက် အပါအဝင် စစ်ရှောင် ၉ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရ)

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်တပ်က ဗုံး ၅ လုံး ကြဲချကာ လေကြောင်းဖြင့် တိုက်ခိုက်မှု (အမျိုးသမီးတယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရ)

မော်ရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013