မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့ကို အလည်အပတ် ရောက်လာတဲ့ ဗီယက်နမ်ကွန်မြူနစ် ပါတီခေါင်းဆောင် တိုလမ်ကို နိုဝင်ဘာ ၂၁ ရက်မှာ ကြိုဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ ကုန်သွယ်မှု၊ ကာကွယ်ရေး၊ ရေကြောင်းရေးရာနဲ့ စွမ်းအင် အပါအဝင် ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
မလေးရှားပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း (MATRADE) နဲ့ ဗီယက်နမ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ ဗီယက်ထရိတ်တို့အကြား အဓိက နားလည်မှုစာချွန်လွှာ (MOU) ဖလှယ်မှုကိုလည်း ကြီးကြပ်ခဲ့ပါတယ်။
ပေထရိုးနပ်စ်နဲ့ ပေထရိုဗီယက်နမ် လုပ်ငန်းတို့အကြား ကမ်းလွန်လေအားလျှပ်စစ်ကို ဗီယက်နမ်ကနေ မလေးရှားဆီ တင်ပို့တဲ့အပေါ် ကနဦးအာရုံစူးစိုက်ရင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၃ ဂဂ္ဂါဝပ်အထိ ထုတ်လုပ်ရာမှာ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ထားပါတယ်။
ဝန်ကြီးချုပ် အန်ဝါက “ဗီယက်နမ်အစိုးရဟာ သူ့နိုင်ငံထဲမှာရှိတဲ့ ကျနော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီနေရာမှာ ခုတော့ ပရောဂျက်ပေါင်း ၇၀၀ နဲ့ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ကျော်လွန်သွားခဲ့ပါတယ်” လို့ ပြောပါတယ်။
၂ နိုင်ငံကြား ဆက်ဆံရေးအတွက် ကတိကဝတ်ကိုလည်း ဗီယက်နမ်ခေါင်းဆောင် တိုလမ်က သူ့မိန့်ခွန်းအတွင်း အတည်ပြုခဲ့ပါတယ်။ လက်ရှိမှာ တိုလမ်က မလေးရှားနိုင်ငံဆီ ၃ ရက်ကြာ တရားဝင် ခရီးစဉ်နဲ့ လာရောက်လည်ပတ်နေတာ ဖြစ်ပါတယ်။
Source: Reuters