Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာ ၃၀ အပါအဝင် တရားမဝင်နိုင်ငံခြားသား ၇၁ ဦး ဖမ်းဆီးခံရ
DVB
·
November 7, 2024

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ၊ အော်ပရာစီ စစ်ဆေးဖမ်းဆီးခံရလို့ မြန်မာနိုင်ငံသား ၃၀ အပါအဝင် တရားမဝင်နိုင်ငံခြားသား အယောက် ၇၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီမှာ ကွာလာလမ်ပူမြို့၊ ဂျလန်ချန်ကတ်ဘူ ကစ်ဘင်တန်းဖလပ်မှာ လူဝင်မှုကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့နဲ့ဌာနပေါင်းစုံပါဝင်တဲ့အဖွဲ့က အော်ပရာစီစစ်ဆေးရေးဝင်ရောက်ရာမှာ အထောက်အထားမဲ့ တရားမဝင်နိုင်ငံသား ၇၁ ယောက် ကို ဖမ်းမိခဲ့တာပါ။

ဖမ်းဆီးခံထားရသူတွေထဲ မြန်မာနိုင်ငံသား အယောက် ၃၀၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၂၄ ယောက်၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ပါကစ္စတန်နိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။

မလေးရှားရောက် မြန်မာတွေကို အကူအညီပေးသူတယောက်က “သူတို့နေတဲ့တိုက်ကို မလေးစည်ပင်ရယ်၊ လဝကရယ်၊ ရဲတပ်ဖွဲ့နဲ့ ဌာနပေါင်းစုံဝင်စီးပြီး တိုက်မှာနေတဲ့သူ ၁၅၀ ကို စစ်ဆေးတာပေါ့။ အဲ့ဒီမှာတရားမဝင်နေတဲ့သူ ၇၁ ယောက်ကို ဖမ်းမိတာ။ ဘင်္ဂလားဒေ့ရှ်က ၂၄ ဦး၊ မြန်မာနိုင်ငံသားက ၃၀ ပါတယ်ပေါ့နော်။ တခြားအင်ဒို၊ ထိုင်းနဲ့ ပါကစ္စတန်တွေလည်းပါတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေကို ဂျလန်ဒူတာ လဝကရုံးကနေတဆင့် လူဝင်မှုကြီးကြပ်ရေးကန့် ဘူကစ်ဂျာလီမှာ ထိန်းသိမ်းထားပြီး တရားမဝင်နေထိုင်မှု ၆(၁)(ဂ)နဲ့ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013