Home
နိုင်ငံတကာ
နျူကလီးယားလက်နက်သုံးရန် အကြောင်းပြချက်မမြင်သေးဟု အမေရိကန် ပြော၊ နျူကလီးယား ခြိမ်းခြောက်မှုအတွက် ရုရှားကို EU ဝေဖန်
DVB
·
November 21, 2024
Photo: Reuters

အမေရိကန်ဟာ သူ့ရဲ့ နျူကလီးယားလက်နက် အနေအထားကို ချိန်ညှိဖို့ အကြောင်းပြချက် တစုံတရာ မတွေ့ရသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားအစိုးရက  နျူကလီးယား တိုက်ခိုက်မှုအတွက် ကန့်သတ်ချက်ဘောင်ကို လျှော့ချပြီးတဲ့နောက် ခုလို တုံ့ပြန်လိုက်တာဖြစ်ပြီး တာဝန်မဲ့ ပြောဆိုမှုတွေကို ရပ်ဖို့ ရုရှားကို တောင်းဆိုခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ ရုရှားက ဆောင်ရွက်နေတဲ့ စစ်ပွဲပုံစံတမျိုးထက်ပိုတဲ့ မျိုးစပ်စစ်ပွဲနဲ့ ပတ်သက်ပြီး ယေဘုယျအားဖြင့် “မယုံနိုင်လောက်အောင်” စိုးရိမ်ပူပန်နေပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ဥရောပမိတ်ဖက်တွေနဲ့ နီးနီးကပ်ကပ် အဆက်အသွယ်ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မေလာက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က သမားရိုးကျ တိုက်ခိုက်မှုတွေ ပိုကျယ်ပြန့်လာတာကို တုံ့ပြန်တဲ့အနေနဲ့ နျူကလီးယား တိုက်ခိုက်မှုအတွက် ကန့်သတ်ချက်တွေကို အင်္ဂါနေ့မှာ လျှော့ချလိုက်ပြီး ယူကရိန်းကလည်း အမေရိကန်လုပ် ATACMS ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအတွင်းထဲကို နက်နက်ရှိုင်းရှိုင်း ထိုးစစ်ဆင်ခဲ့တယ်လို့ ရုရှားအစိုးရက ပြောခဲ့ပါတယ်။

နျူကလီးယားစစ်ပွဲအတွက် ဘယ်လိုတောင်းဆိုမှုမဆို ဒီလုပ်ရပ်ဟာ တာဝန်မဲ့မှုပဲလို့ ဥရောပသမဂ္ဂရဲ့ ထိပ်တန်းသံတမန် ဂျိုးဇက် ဘော်ရယ်က နိုဝင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။

သမားရိုးကျတိုက်ပွဲတွေ ကျယ်ပြန့်လာတာကို တုံ့ပြန်ဖို့ နျူကလီးယား တိုက်ခိုက်မှုအတွက် သတ်မှတ်ချက်ဘောင်ကို လျှော့ချဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန် ပြောဆိုလိုက်တာပါ။

သူတို့က နျူကလီးယားနဲ့ ခြိမ်းခြောက်တာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒါက လုံးဝ တာဝန်မဲ့တာပဲ။ ရုရှားက နျူကလီးယားစစ်ပွဲဟာ ဘယ်တော့မှ မနိုင်နိုင်ဘူးဆိုတဲ့ နိယာမကို စာရင်းသွင်းထားပြီးပြီ။ ဒါက ဘယ်တော့မှ မတိုက်ရမယ့် စစ်ပွဲပဲလို့ ဘော်ရယ်က သတင်းထောက်တွေကို ပြောပါတယ်။

ဥရောပသမဂ္ဂရဲ့ ထိပ်တန်းသံတမန်တယောက်ကလည်း ဘောလ်တစ်ပင်လယ်အတွင်း ဖိုက်ဘာအော်တစ် တယ်လီဖုန်းဆက်သွယ်ရေး ကေဘယ်လ်ကြိုး ၂ ခု ဖြတ်တောက်ခံရတာ အတွက် ဘယ်သူ့လက်ချက်ဆိုတာ စဉ်းစားသတ်မှတ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ရုရှားက ယူကရိန်းရဲ့ အနောက်မဟာမိတ်တွေအပေါ် တမျိုးထက်ပိုတဲ့ စစ်ပွဲပုံစံတွေနဲ့ ပေါင်းစပ်တိုက်ခိုက်တာတွေ ပြင်းထန်လာတယ်လို့ ဥရောပအစိုးရ တချို့က အင်္ဂါနေ့မှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024