ယူကရိန်းနိုင်ငံ အိုဒက်ဆာဆိပ်ကမ်းမှာ နိုဝင်ဘာ ၁၈ ရက်က ရုရှားဒုံးကျည် ပစ်ခတ်မှုကြောင့် လူ ၁၀ ယောက် သေဆုံးပြီး ၄၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူး အိုလေး ကီပါးနဲ့ အမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာ ကလေး ၄ ယောက် ပါဝင်ပြီး ၃ ယောက်မှာ စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း အုပ်ချုပ်ရေးမှူး ကီပါးက တယ်လီဂရမ်မှာ ပြောကြားခဲ့ပါတယ်။
သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကလည်း ရုရှား ပဲ့ထိန်းဒုံးကျည်တစင်းဟာ လူနေရပ်ကွက်တခုကို ထိမှန်ခဲ့ပြီး တိုက်ခန်းတခန်း၊ တက္ကသိုလ်အဆောက်အအုံနဲ့ စီမံခန့်ခွဲရေး အဆောက်အအုံတို့ ပျက်စီးခဲ့တယ်လို့ တယ်လီဂရမ်မှာ ပြောပါတယ်။
ရုရှား ပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၇ ယောက်၊ ဆေးမှူးတယောက်နဲ့ မြို့ခံ ၂ ယောက် သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၁၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။
Source : Reuters