မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ရုရှားနိုင်ငံရဲ့ သဘာဝသယံဇာတ အရင်းအမြစ်ဝန်ကြီး အလက်ဇန်ဒါး ကော့ဇ်လော့ဗ်နဲ့ နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံခဲ့ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြား KRT က နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
အစည်းအဝေးမှာ ခေါင်းဆောင် ကင်မ်က ၂ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေး တို့အတွက် ကုန်သွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့သင့်တယ်လို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြချက်အရ သိရပါတယ်။
ရုရှားစစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ အကယ်ဒမီ ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ ၁၈ ရက်က ပြုံယမ်းကို ရောက်ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး ပြုံယမ်း မြို့တော်ကောင်စီ ကော်မတီ ကိုယ်စားလှယ်အဖွဲ့ကလည်း ရုရှားနိုင်ငံကို ထွက်ခွာသွားပါတယ်။
ရီယိုဒီဂျနေးရိုးမှာ ပြုလုပ်တဲ့ G20 ထိပ်သီးအစည်းအဝေးမှာ တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုးက တရားမဝင်ဘူးလို့ ပြောနေကြတဲ့ ၂ နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ဖို့ တိုက်တွန်းနေချိန်မှာပဲ ပြုံယမ်းနဲ့ မော်စကိုအကြားက ဖလှယ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Source : Reuters