လေကြောင်းလက်နက် အမြောက်အမြား ထုတ်လုပ်ဖို့နဲ့ အသေခံဒရုန်း စမ်းသပ်မှုတွေ ပြုလုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ညွှန်ကြားခဲ့ပါတယ်။
ကမ္ဘာမှာ အသေခံဒရုန်းလို လက်နက်မျိုးက စစ်တပ်အတွက် အမြန်ဆုံး အဆင့်မြှင့်တင်ဖို့ လိုအပ်တယ်လို့ ကင်မ်ဂျုံအန်းက ညွှန်ကြားခဲ့တယ်လို့ KRT TV က ဖော်ပြပါတယ်။
KRT TV ရဲ့ ဖော်ပြချက်မှာ ကင်မ်က ဒရုန်းတွေကို ကြည့်ရှုနေပုံနဲ့ ကမ္ဘာမှာရှိတဲ့ စစ်တပ်တွေမှာ ဒရုန်းလက်နက်ပြိုင်ဆိုင်မှု အရှိန်မြှင့်လာတယ်ဆိုတဲ့ မှာကြားချက်တွေနဲ့ စစ်တပ်က ထုတ်လုပ်ထားတဲ့ ဒရုန်းတွေကို အသိအမှတ်ပြုကြောင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်း အသေခံဒရုန်း စမ်းသပ်မှုတွေကို ကင်မ်က ကြီးကြပ်ခဲ့ဖူးပြီး ဒရုန်းထုတ်လုပ်ခြင်းကို ရုရှားနဲ့ ပူးပေါင်းမှုကြောင့် တိုးတက်မှု လျှင်မြန်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲတို့မှာ ဒရုန်းလက်နက်တွေ အသုံးပြုမှု များပြားလာတာကြောင့် မြောက်ကိုရီးယားရဲ့ ဒရုန်းထုတ်လုပ်မှုကို တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ဒရုန်းတွေကို ဆိုးလ်မြို့ အပါအဝင် တောင်ကိုရီးယားနယ်စပ်ကို ဖြတ်ပြီး နာရီပေါင်းများစွာ ပျံသန်းစေခဲ့ပါတယ်။
အဲဒီစေလွှတ်မှုမှာ တောင်ကိုရီးယားသမ္မတရုံး ဝန်းကျင်ရှိ မပျံသန်းရဇုန်ကိုလည်း ဝင်ရောက်ခဲ့ပါတယ်။ ဒါ့ကြောင့် တောင်ကိုရီးယားက မြောက်ကိုရီးယားရဲ့ ဒရုန်းတွေကို ပစ်ချဖို့ ချက်ချင်း တပ်တွေ ဖြန့်ခဲ့ရပါတယ်။
Source : Reuters