မြောက်ကိုရီးယားနိုင်ငံဟာ နျူးကလီးယားလက်နက် တည်ဆောက်ရေးမူဝါဒကို အကောင်အထည်ဖော်နေပြီး နျူးကလီးယားလက်နက် အရေအတွက် တိုးမြင့်လာအောင် လုပ်ဆောင်နေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ကင်မ်ဂျုံအန်းဟာ စက်တင်ဘာ ၉ ရက်က နိုင်ငံတော်တည်ထောင်ခြင်း နှစ်ပတ်လည်နေ့မှာ မိန့်ခွန်းပြောကြားနေတဲ့ ဗီဒီယိုဖိုင်ကို မြောက်ကိုရီးယား အစိုးရပိုင် ရုပ်မြင်သံကြား KRT က ထုတ်လွှင့်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူးကလီးယားစွမ်းရည်နဲ့ အဆင်သင့်ပြင်ဆင်ထားမှုကို ပိုသေချာအောင် လုပ်ဆောင်ထားရမှာဖြစ်ပြီး နိုင်ငံတော်ရဲ့ လုံခြုံရေးဆိုင်ရာ အခွင့်အရေးတွေကို အာမခံပေးနိုင်ဖို့အတွက် အချိန်အခါ ကျရောက်လာရင် သင့်တော်သလို သုံးစွဲနိုင်ရမယ်လို့ ကင်မ်ဂျုံအန်းက ပြောကြားခဲ့ကြောင်း KRT က ကြေညာသွားပါတယ်။
အမေရိကန်နဲ့ သူ့နောက်လိုက်တွေရဲ့ ခြိမ်းခြောက်မှု အမျိုးမျိုးကို ရင်ဆိုင်ဖို့အတွက် ခိုင်မာတောင့်တင်းတဲ့ စစ်ရေးတည်ရှိမှု လိုအပ်တယ်လို့လည်း ကင်မ်က ပြောကြားခဲ့ပါတယ်။
Source-Reuters