နေမာ အနေနဲ့ ဆော်ဒီကလပ် အယ်လ်ဟီလယ်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ပင်နီဇာဟာဗီက ငြင်းဆိုသွားပါတယ်။
ဘရာဇီးကစားသမားဟာ ပီအက်စ်ဂျီကနေ အယ်လ်ဟီလယ်ဆီ ပြောင်းရွှေ့လာပြီးနောက် တနှစ်ပတ်လုံး ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ဒဏ်ရာရဲ့နောက်ဆက်တွဲပြဿနာတွေကြောင့် ကြံ့ခိုင်မှု အပြည့်အဝမရဘဲ ဖြစ်နေတာပါ။
ဒဏ်ရာပြဿနာတွေကြောင့် ၁၈ လအတွင်းမှာ မိနစ် ၅၀၀ အောက်သာ ကစားခဲ့ရတဲ့ နေမာဟာ အယ်လ်ဟီလယ်ကနေ ထွက်ခွာပြီး မွေးရပ်မြေကလပ် ဆန်းတိုစ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။
နေမာဟာ အယ်လ်ဟီလယ်နဲ့ စာချုပ်သက်တမ်းကျန်ရှိသေးပြီး အသင်းကနေ ထွက်ခွာဖို့ တခါမှ မဆွေးနွေးခဲ့ကြောင်း အေးဂျင့် ဇာဟာဗီက ပြောပါတယ်။
နေမာရဲ့ ဖခင်နဲ့ မိမိတို့ ၂ ယောက်က နေမာရဲ့အနာဂတ်ကို ပြောဆိုနိုင်သူတွေ ဖြစ်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း အေးဂျင့် ဇာဟာဗီက ပြောသွားပါတယ်။