ဒူးအရွတ်ဒဏ်ရာကြောင့် တနှစ်ကျော် အနားယူခဲ့ရတဲ့ တိုက်စစ်မှူးနေမာဟာ အောက်တိုဘာ ၂၁ ရက်က အယ်လ်အိန်းနဲ့ ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပါတယ်။
ဘရာဇီး တိုက်စစ်မှူးဟာ ပွဲချိန် ၇၇ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး ၃၆၉ ရက်အတွင်းမှာ ပထမဆုံးအကြိမ် ဘောလုံးပြန်ကစားနိုင်ခဲ့တာပါ။
အဲဒီပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းက ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အာရှချန်ပီယံလိဂ်အမှတ်ပေးဇယားမှာ အဆင့်တစ်နေရာရပ်တည်နေပါတယ်။
အသက် ၃၂ နှစ်ရှိ နေမာဟာ ၂၀၂၃ ခုနှစ်က PSG ကနေ ပေါင် ၇၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အယ်ဟီလယ်အတွက် စုစုပေါင်း ၆ ပွဲသာ ကစားခဲ့ရပြီး ၁ဂိုးပဲသွင်းယူထားပါတယ်။
Photo-Reuters