တောင်ပံကစားသမား ဘူကာရိုဆာကာရဲ့ ဒဏ်ရာအခြေအနေပြင်းထန်မှာကို အာဆင်နယ်အသင်း တာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။
ဆာကာဟာ အင်္ဂလန်က ဂရိကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် ၅၁ မိနစ်အထိပဲကစားနိုင်ခဲ့တာပါ။
ဆာကာဟာ ညာဘက် တံကောက်ကြောမှာ နာကျင်မှုဝေဒနာခံစားခဲ့ရပြီး အသေးစိတ်စစ်ဆေး မှုတွေလုပ်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဘက်ကတော့ သူတို့ရဲ့အဓိက ကစားသမား ဆာကာ ဒဏ်ရာ ပြင်းထန်သွားမှာကို စိုးရိမ်နေပြီး နောက်ဆုံးဆေးစစ်ချက်အဖြေရလဒ်ကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။
အာဆင်နယ်မှာ အသင်းခေါင်းဆောင် အိုဒီဂတ်က ခြေကျင်းဝတ်ဒဏ်ရာကြောင့် လာမဲ့ဒီဇင်ဘာလလောက်မှာ ပြန်ကစားနိုင်ဖို့ရှိနေပြီး ဆာကာပါ မကစားနိုင်ဘူးဆိုရင် ချန်ပီယံဆုဖလားအတွက် အခက်အခဲဖြစ်လာ နိုင်တယ်လို့ ဗြိတိန်မီဒီယာတွေက သုံးသပ် ရေးပါတယ်။
Photo-Reuters