အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ဂျေဆုအတွက် ဘရာဇီးကလပ်တသင်းရဲ့ ခေါ်ယူဖို့ ကမ်းလှမ်းချက် လက်ခံရရှိထားတယ်လို့ သိရပါတယ်။
ဂျာမနီတိုက်စစ်မှူး ကိုင်ဟာဗက် အာဆင်နယ်ကို ရောက်ရှိလာပြီးနောက် ေဂျဆုအတွက် ပွဲကစားချိန် အကန့်အသတ် ရှိသွားခဲ့တာပါ။
ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲ ကစားခဲ့ပေမဲ့ စုစုပေါင်း ပွဲချိန် ၇၉ မိနစ်သာ ကစားခဲ့ရတဲ့ ဂျေဆုကို အာဆင်နယ်အသင်းက အစောတလျင် ရောင်းချသွားဖို့တော့ မရှိဘူးလို့ သိရပါတယ်။
ဂျေဆုကို အသင်းဟောင်း ပါးလ်မီရက်စ်အသင်းက ပြန်လည်ခေါ်ယူဖို့ ကမ်းလှမ်းထားတာ ဖြစ်ပြီး အာဆင်နယ်အသင်းဘက်က ငြင်းဆန်သွားဖို့ ရှိပါတယ်။
ဒါပေမဲ့ လာမယ့်အပြောင်းအရွှေ့တွေမှာ တိုက်စစ်မှူးတယောက် ခေါ်ယူနိုင်မှသာ ဂျေဆုကို ရောင်းထုတ်ဖို့ စဉ်းစားနိုင်တယ်လို့ သိရပါတယ်။