အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟာဗက်အနေနဲ့ အသင်းနဲ့ ပူးပေါင်းနိုင်မှာမဟုတ်ကြောင်း ဂျာမနီအသင်းက အတည်ပြုချက် ထုတ်ပြန်သွားပါတယ်။
ဟာဗက်ဟာ နေးရှင်းလိဂ်ပွဲစဉ်တွေ ကစားရမယ့် ဂျာမနီအသင်း လူစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ဆောက်သမ်တန်ကို အနိုင်ရတဲ့ပွဲစဉ်မှာ အသေးစား ဒူးဒဏ်ရာ ရရှိသွားတာပါ။
ကိုင်ဟာဗက်ဟာ ဒူးဒဏ်ရာကြောင့် ဘော့စနီးယား၊ ဟော်လန်အသင်းတွေနဲ့ ပွဲစဉ်တွေကို ကစားနိုင်မှာ မဟုတ်တော့ကြောင်း၊ အမြန်ဆုံး ပြန်လည်သက်သာကောင်းမွန်ပါစေကြောင်း ဂျာမနီအသင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အာဆင်နယ်မှာ နောက်ခံလူတွေဖြစ်တဲ့ ဘန်ဝှိုက်နဲ့ တင်းဘားတို့က ဒဏ်ရာပြဿနာတွေ ရှိနေသလို အသင်းခေါင်းဆောင် အိုဒီဂတ်ဟာလည်း ဘောလုံးပြန်ကစားနိုင်ခြင်း မရှိသေးပါဘူး။