ပြင်သစ်ကလပ် PSG အသင်းဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မိုဆာလာကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။
ဆာလာဟာ အခုနှစ်ရာသီကုန်ဆုံးချိန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချသွားရမှာပါ။
ဆော်ဒီကလပ်တွေနဲ့ ချိတ်ဆက်မှုတွေရှိနေသည့်တိုင် PSG အသင်းက မက်လုံးပေးခေါ်ယူဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပြီး ဆာလာအတွက် ဥရောပမှာ ဆက်လက်ရှိနေဖို့ အခွင့်အရေးလို့လည်း သုံးသပ်ကြပါတယ်။
ဆာလာအနေနဲ့ အာရပ်လူမျိုးဖြစ်တာကြောင့် အာရပ်ကလပ်မှာ ကစားချင်တဲ့ ဆန္ဒရှိနေပေမဲ့ အမြင့်ဆုံးပြိုင်ပွဲတွေကို ဆက်လက်ကစားချင်တဲ့ဆန္ဒလည်း ရှိတာကြောင့် PSG ကိုပြောင်းရွှေ့ဖို့ စဉ်းစားနိုင်ကြောင်း The Sun Sport သတင်းမှာ ဖော်ပြပါတယ်။