နိုဝင်ဘာ ၁၇ ရက် မနေ့ညက ကစားခဲ့တဲ့ နေးရှင်းလိဂ် B နောက်ဆုံးပွဲစဉ်မှာ အင်္ဂလန်အသင်းက အိုင်ယာလန်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရပြီး နေးရှင်းလိဂ် အုပ်စု A ဆီ တက်လှမ်းကစားခွင့် ရရှိသွားပါတယ်။
ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမဲ့ ပွဲချိန် ၅၁ မိနစ်မှာ အိုင်ယာလန်နောက်ခံလူ စကေးလ် ထုတ်ပယ်ခံရပြီး ပင်နယ်တီပါ ပေးလိုက်ရပြီးနောက်မှာ အင်္ဂလန်အသင်းအတွက် အလှည့်အပြောင်း ဖြစ်လာခဲ့တာပါ။
အဲဒီပင်နယ်တီကို ဟယ်ရီကိန်းက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပြီး ဂေါ်ဒွန်၊ ဂယ်လက်ဂါ၊ ဘိုဝင်နဲ့ ဟာဝုဒ်ဘဲလစ်တို့က အနိုင်ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့တာပါ။
ဂရိအသင်းကလည်း ဖင်လန်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပြီး အင်္ဂလန်နဲ့ ရမှတ်တူညီပေမဲ့ ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနဲ့ ကျေနပ်ခဲ့ရပြီး A အုပ်စုဆီ တက်လှမ်းခွင့်ရဖို့ ခြေစစ်ပွဲ ဆက်လက်ကစားသွားရဦးမှာ ဖြစ်ပါတယ်။