စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ လူစုံပါဝင်နိုင်ခြင်း မရှိတဲ့ အင်္ဂလန်အသင်းဟာ ဂရိအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အင်္ဂလန်အသင်းမှာ ဆာကာ၊ ဒက်ကလန်ရိုက်၊ ဖိုဒမ်၊ ပါလ်မာ၊ ဂရေးလစ်ချ်၊ အာနိုးလ် အစရှိတဲ့ နာမည်ကြီးကစားသမားတွေ မပါဝင်နိုင်ခဲ့ပေမဲ့ ခြေစွမ်းပြပြီး အနိုင်ရခဲ့တာပါ။
အင်္ဂလန်အတွက်ဂိုးတွေကို ပွဲချိန် ၇ မိနစ်မှာပဲ ဝက်ကင်စ်က သွင်းယူခဲ့ပြီး ဂရိဂိုးသမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတဲ့ဂိုးနဲ့ ဒုတိယဦးဆောင်ဂိုး၊ ကာတစ်ဂျုံးစ်က တတိယမြောက် ဦးဆောင်ဂိုးတွေ သွင်းယူခဲ့တာပါ။
အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ပွဲချိန် ၆၆ မိနစ်ရောက်မှ လူစားဝင်ကစားခဲ့ပြီး ဗီလာတိုက်စစ်ကစားသမား ရော်ဂျာလည်း ပွဲဦးထွက် ကစားခွင့်ရရှိခဲ့ပါတယ်။
ဒီနိုင်ပွဲရလဒ်ကြောင့် အင်္ဂလန်အသင်းက ၅ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ရရှိထားပြီး နေးရှင်းလိဂ် အုပ်စု B မှာ ဂရိနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။