အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်ရာမှာ လူငယ်နောက်ခံလူ ၂ ယောက် ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။
ယာယီနည်းပြ လီကာစ်လေ နောက်ဆုံးတာဝန်ယူမယ့် အင်္ဂလန်အသင်းမှာ လူငယ် ကစားသမားတွေကို ဦးစားပေးရွေးချယ်မှု ပိုမိုများပြားလာခဲ့တာပါ။
ပထမဆုံးအကြိမ်ရွေးချယ်ခံရတဲ့ နောက်ခံလူ ၂ ယောက်ဟာလည်း အင်္ဂလန် ယူ-၂၁ အသင်းမှာ ခြေစွမ်းပြခဲ့သူတွေဖြစ်ပြီး ဆောက်သမ်တန်ခံစစ်မှူး တေလာဟာဝုဒ်ဘဲလစ်နဲ့ နယူးကာဆယ်ဘယ်နောက်ခံလူ လူးဝစ်ဟောတို့ ဖြစ်ပါတယ်။
လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးစ်နဲ့ ဂိုးသမား အာရွန်ရမ်စ်ဒေးတို့လည်း ရွေးချယ်ခံခဲ့ရပြီး လိုင်လီကွင်းလယ်လူ အိန်ဂျယ်ဂိုးမက်ဇ်နဲ့ နော်တင်ဟမ် ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်တို့လည်း ဆက်လက် ရွေးချယ်ခံရပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် နိုဝင်ဘာ ၁၅ ရက်မှာ ဂရိ၊ နိုဝင်ဘာ ၁၇ ရက်မှာ အိုင်ယာလန်အသင်းတွေနဲ့ နေးရှင်းလိဂ်ပွဲတွေ ကစားသွားရမှာ ဖြစ်ပါတယ်။
Photo- Reuters