ဒီကနေ့ မနက်က ယှဉ်ပြိုင်ကစားသွားတဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာ အင်္ဂလန်အသင်းကို ဂရိအသင်းက ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရပြီး အဝေးကွင်းမှာ ပထမဆုံးအကြိမ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
ဒီပွဲမတိုင်ခင်မှာ ရှက်ဖီးမှာကစားခဲ့တဲ့ ဂရိနောက်ခံလူ ဂျော့ဘဲလ်ဒေါ့ခ် ကွယ်လွန်သွားခဲ့မှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ပြီး အနက်ရောင်လက်ပတ်တွေ ဝတ်ဆင်ကစားခဲ့ကြတာပါ။
အခုပွဲစဉ်မတိုင်ခင်အထိ ဂရိအသင်းက အင်္ဂလန်အိမ်ကွင်းမှာ သွင်းဂိုးရရှိဖူးခြင်းမရှိသလို နိုင်ပွဲလည်း မရခဲ့ဖူးပေမဲ့ အဲဒီ မှတ်တမ်းတွေကို ချိုးဖျက်ပြီး နိုင်ပွဲရယူနိုင်ခဲ့တာပါ။
ဂရိအသင်းအတွက် ပွဲချိန် ၄၉ မိနစ်မှာ ရရှိခဲ့တဲ့ ဦးဆောင်ဂိုးကို ဘယ်လင်ဂမ်က ပွဲချိန် ၈၇ မိနစ်မှာ ပြန်လည်ချေပခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ ပထမဂိုးသွင်းခဲ့တဲ့ ပါ့ဗလိဒိစ်ကပဲ အနိုင်ဂိုးသွင်းယူခဲ့တာပါ။
၂၀၀၅ ခုနှစ်က ကမ္ဘာ့အဆင့် ၁၁၆ မြောက်အိုင်ယာလန်အသင်းက အင်္ဂလန်အသင်းကို အနိုင်ရခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့အဆင့်အနိမ့်ဆုံး အသင်းတသင်းက အင်္ဂလန်အသင်းကို အနိုင်ယူခဲ့တာပါ။
နိုင်ပွဲရဖို့ အကောင်းဆုံးကြိုးစားခဲ့ကြပေမဲ့ ဖြစ်မလာခဲ့ဘဲ ရှုံးပွဲတွေ့ခဲ့တဲ့အပေါ် အလွန်စိတ်ပျက်မိကြောင်း ယာယီနည်းပြ လီကာစ်လေက ပွဲအပြီးမှာပြောသွားပါတယ်။
Photo-Reuters