ဗြိတိန်မှာ တနင်္လာနေ့က မိန်းကလေး ၃ ဦးဓားထိုးသတ်ခံရပြီးနောက် ဆန်းဒါးလန်းမှာ ဩဂုတ် ၂ ရက်က မီးရှို့မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။
အင်္ဂလန်အနောက်မြောက်ပိုင်းက လူသတ်မှုနဲ့ပတ်သက်ပြီး အင်္ဂလန်အမြောက်ပိုင်းက မြို့တွေမှာပါ ကန့်ကွက်မှုတွေက အကြမ်းဖက်မှုပုံစံပြောင်းလာတာ ဖြစ်ပါတယ်။
တခြားနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်ဆန္ဒပြသူတွေက ဗလီအနီးမှာ လူစုလူဝေးရှင်းလင်းနေတဲ့ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီးနောက် ကားမီးရှို့မှုတွေပါ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန်ကျင်သူတွေက ဆန္ဒပြမှုတွေကို ဆန်းဒါးလန်းမှာ ပြုလုပ်လာပြီး ကလေးတွေ အသတ်ခံရတဲ့နေရာနဲ့ အနီးဆုံးဖြစ်တဲ့ လီဗာပူးမြို့ရှိ ဗလီအနီးမှာလည်း ဆန္ဒပြမှုတွေ ပြလုပ်ခဲ့ပါတယ်။
ဆောက်ပို့မှာ မိန်းကလေး ၃ ဦး ဓားထိုးအသတ်ခံရပြီးတဲ့နောက် လီဗာပူးမြို့ရှိ ဗလီမှာ ဆန္ဒပြသူတွေက စုဝေးခဲ့ကြပါတယ်။
ဆန္ဒပြလူအုပ်ကြီးကို ရဲတပ်ဖွဲ့က စောင့်ကြည့်ခဲ့ရပြီး အကြမ်းဖက်မှုတွေကို တားဆီးခဲ့ရပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့ကတော့ တနိုင်ငံလုံးနဲ့ ဗလီတွေမှာ လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ တရားဝင် ပြောဆိုထားပါတယ်။
ဆောက်ပို့မှာရှိတဲ့ နွေရာသီအကသင်တန်းရှိ မိန်းကလေး ၃ ဦးကို ဓားထိုးသတ်ဖြတ်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ်ရှိ ရာဒါကူဘာနာကို ဩဂုတ် ၁ ရက်က အင်္ဂလန်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
ရာဒါကူဘာနာကို လူသတ်မှု ၃ ခု၊ လူသတ်ရန်ကြိုးစားမှု ၁၀ ခုနဲ့ လက်နက်ကိုင်ဆောင်မှု ၁ မှုတို့နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။ ရာဒါကူဘာနာရဲ့ အမှုကို အောက်တိုဘာလမှာ ကြားနာမှာဖြစ်ပြီး လက်ရှိအချိန်မှာ သူ့ကို အချုပ်မှာ ထိန်းသိမ်းထားပါတယ်။
Source-Reuters