Home
အားကစား
နောက်ခံလူ ထရစ်ပီယာ အင်္ဂလန်လက်ရွေးစင်အသင်းမှ အနားယူ 
DVB
·
August 30, 2024
Photo Crd-Action Images via Reuters

အင်္ဂလန်လက်ရွေးစင်အသင်းကနေ အနားယူကြောင်း နောက်ခံလူ ထရစ်ပီယာက တရားဝင် ကြေညာသွားပါတယ်။ 

အသက် ၃၃ နှစ်ရှိ နယူးကာဆယ်နောက်ခံလူဟာ  ပြီးခဲ့တဲ့ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နောက်ဆုံးအကြိမ်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ၅၄ ပွဲ ကစားပေးခဲ့တာပါ။

ဘယ်ရီဆိုတဲ့ အသင်းငယ်လေးက လူငယ်လေးတဦးဟာ သူ့ရဲ့အမိနိုင်ငံအတွက် ၅၄ ပွဲအထိ ကစားနိုင်ခဲ့တာက မမေ့နိုင်စရာ ဖြစ်ကြောင်း၊ အင်္ဂလန်နဲ့အတူ အဓိကပြိုင်ပွဲကြီး ၄ ကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့တာက ဘဝရဲ့ အကြီးမားဆုံး ဂုဏ်ယူစရာဖြစ်ကြောင်း ထရစ်ပီယာက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အသင်းမှာကစားခွင့်ရဖို့ နေရာပေးခဲ့တဲ့ နည်းပြဆောက်ဂိတ်နဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်၊ ယူရိုဗိုလ်လုပွဲ ၂ ကြိမ်ဆက်တိုက်ရောက်ရှိခဲ့တာက မမေ့နိုင်စရာဖြစ်ကြောင်း ထရစ်ပီယာက ပြောပါတယ်။

လက်ရှိ အသင်းနည်းပြ လီကာစ်လေနဲ့ အသင်းသားတွေအနေနဲ့ အနာဂတ်မှာ အောင်မြင်မှု ရရှိပါစေကြောင်း ထရစ်ပီယာက ဆုတောင်းပေးသွားခဲ့ပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024