တိုက်စစ်မှူး ဆိုလန်ကီဟာ ဒဏ်ရာအခြေအနေကြောင့် ရက်သတ္တပတ်ခန့်အနားယူရမယ်လို့ စပါးအသင်း ကအတည်ပြုသွားပါတယ်။
စပါးအသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဆိုလန်ကီကို ဘုန်းမောက်အသင်းဆီကနေ ပေါင် ၆၅ သန်းနဲ့ ခေါ်ယူထားတာဖြစ်ပြီး တပွဲပဲကစားပြီးချိန်မှာ ဒဏ်ရာရရှိခဲ့တာပါ။
ဆိုလန်ကီဟာ ခြေကျင်းဝတ်မှာ ဒဏ်ရာရှိနေတာကြောင့် အခုတပတ်ကစားမယ့် အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး နိုင်ငံတကာပွဲစဉ်တွေပြီးမှ ပြန်ကစားနိုင်ဖို့ရှိပါတယ်။
ဆိုလန်ကီရဲ့ဒဏ်ရာအခြေအနေကို စောင့်ကြည့်သွားရမှာဖြစ်ပြီး ဘယ်အချိန် အထိ အနားယူမလဲဆိုတာ မသိရှိနိုင်သေးကြောင်း စပါးနည်းပြ ပို့စ်တီကိုဂလူကပြောသွားပါတယ်။
စပါး အသင်းမှာ ကွင်းလယ်လူ ဘင်တန်ကာဟာလဲ ဦးခေါင်းဒဏ်ရာကြောင့် အနားယူနေရပါတယ်။
Photo-Reuters