Home
အားကစား
ကွင်းလယ်လူ စကစ်ပ်အတွက် လက်စတာ၏ကမ်းလှမ်းချက်  စပါးလက်ခံ
DVB
·
August 20, 2024
Photo -REUTERS

ဒီနှစ်ရာသီမှာ တန်းပြန်တက်လာခဲ့တဲ့ လက်စတာအသင်းက စပါးကွင်းလယ်လူ အော်လီဗာ စကစ်ပ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

စပါးအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့ပြီး အသက် ၂၃ နှစ်အရွယ်ရှိတဲ့ စကစ်ပ်ရဲ့  ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ ဝန်းကျင် ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒီကနေ့ည ၁ နာရီ ခွဲမှာ ယှဉ်ပြိုင်ကစားသွားကြမယ့် လက်စတာနဲ့ စပါးအသင်းကြား အဖွင့်ပွဲစဉ်မတိုင်ခင် စကစ်ပ်အနေနဲ့ ဆေးစစ်မှုခံယူရဖို့ ရှိနေပါတယ်။

အသက် ၂၁ နှစ်အောက် အင်္ဂလန်လက်ရွေးစင် ကစားသမားလည်းဖြစ်တဲ့ စကစ်ပ်ဟာ ၂၀၁၈ အောက်တိုဘာလမှာ စပါးအသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့ရာသီတုန်းက ၂၁ ပွဲအပါအဝင် ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း ၇၇ ပွဲအထိ စကစ်ပ်အနေနဲ့ ပါဝင်ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၁ ဂိုးကိုသာ ပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် စကစ်ပ်ဟာ စပါးအသင်းဖော်ဟောင်း ဖြစ်သူ ဟယ်ရီဝင့်ခ်စ်နဲ့လည်း လက်စတာအသင်းမှာ ဆုံစည်းရဖို့ ရှိနေပါတယ်။

ဒါကြောင့် လက်စတာအသင်းက စကစ်ပ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့ရင် ဒီနှစ်နွေရာသီအတွက် ၅ ဦးမြောက် ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013