စပါးအသင်းဟာ တောင်ကိုရီးယားလူငယ်ကြယ်ပွင့် ယန်မင်ချုပ်ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ တောင်ကိုရီးယားယူ-၁၈ လက်ရွေးစင်ဟာ မနှစ်ကရာသီက ဂွမ်ဝမ်အသင်းမှာ ၂၅ ပွဲ အထိကစားခဲ့ပြီး ၈ ဂိုးသွင်းခဲ့သူပါ။
၂၀၁၃ ခုနှစ်နောက်ပိုင်း ကိုရီးယားလိဂ်မှာ အသက်အငယ်ဆုံးဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။
ယန်မင်ချုပ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလရောက်မှ စပါးအသင်းနဲ့ ပူးပေါင်းမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်ချုပ်ဆိုမယ်လို့သိရပါတယ်။
သူဟာ လက်ရှိစပါးအသင်း ခေါင်းဆောင် ဆွန်ဟောင်မင်နဲ့ လီယောင်ပျိုတို့နောက်ပိုင်း စပါးအသင်းဆီပြောင်းရွှေ့လာတဲ့ တတိယမြောက်ကိုရီးယား ကစားသမားဖြစ်ပါတယ်။
Photo-Reuters