စပါးအသင်းဟာ ဘုန်းမောက်တိုက်စစ်မှူး ဆိုလန်ကီကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
အသက် ၂၆ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးအတွက် စပါးအသင်းဘက်က ကနဦးပေါင် ၅၅ သန်းပေးချေရမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မှုတည်ပြီး နောက်ထပ်ပေါင် ၁၀ သန်း ပေးချေရနိုင် ပါတယ်။
၂၀၂၀ပြည့်နှစ်က နောက်ခံလူ နသန်အကီကို ပေါင်သန်း ၄၀နဲ့ ရောင်းချခဲ့တာက ဘုန်းမောက် အသင်းအတွက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးရရှိမှုဖြစ်ပြီး ဆိုလန်ကီအတွက် ပြောင်းရွှေ့ကြေးက အမြင့်မားဆုံးအဖြစ် စံချိန်တင်ခဲ့ ပါတယ်။
ဆိုလန်ကီဟာ ၂၀၁၉ ခုနှစ်ကတည်းက လီဗာပူးကနေ ဘုန်းမောက် အသင်းဆီပေါင် ၁၉၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
အင်္ဂလန်တိုက်စစ်မှူးဟာ မနှစ်က ဘုန်းမောက်နဲ့ ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၂၁ ဂိုးသွင်ယူခဲ့ပါတယ်။