အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းကနေ ဒဏ်ရာရရှိတဲ့ ကစားသမား ၇ ဦးအထိ နုတ်ထွက်ဖို့ရှိ ပါတယ်။
အင်္ဂလန်အသင်းလူစာရင်းကို ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ မတိုင်ခင် ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရ ကစားသမားတွေ ရှိလာခဲ့တာပါ။
အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ ဒက်ကလန်ရိုက်နဲ့ ဘူကာရိုဆာကာတို့ ၂ ယောက် စလုံးဟာ ချဲလ်ဆီးနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ကြလို့ အင်္ဂလန်အသင်းဆီ ပူးပေါင်းဖို့ မရှိဘူးလို့သိရပါတယ်။
အလားတူ ချဲလ်ဆီးကွင်းလယ်လူ ပါလ်မာ၊ လီဗာပူးနောက်ခံလူ အာနိုးလ်၊ မန်စီးတီး နောက်ခံလူ ဝေါ်ကာ၊ ဂရေးလစ်ရှ်နဲ့ စပါးတိုက်စစ်မှူး ဆိုလန်ကီတို့ဟာလည်း ဒဏ်ရာပြဿနာတွေကြောင့် အသင်းနဲ့ ပူးပေါင်းလေ့ကျင့်နိုင်ဖို့ မရှိသေးဘူးလို့သိရပါတယ်။
Photo: Reuters