ပီရူး ပြည်တွင်းလိဂ်ကလပ် ဖမ်မီလီယာ-ချိုကာရဲ့ ကစားသမားတယောက်ဟာ မိုးကြိုးပစ်ခံရမှုကြောင့် နိုဝင်ဘာ ၃ ရက်မှာ ကွယ်လွန်သွားတယ်လို့ အန်ဒီနာ သတင်းအေဂျင်စီအရ သိရပါတယ်။
အခင်းဖြစ်ပွားရာ ဟွမ်ကာယိုမြို့က ဟူဗင်တူးဘယ်လာဗစ္စတာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်ကို မုန်တိုင်းကျရောက်လာတဲ့အတွက် ခဏရပ်နားခဲ့ရပါတယ်။
အဲဒီနောက် ဘောလုံးကစားသမားတွေဟာ ကွင်းထဲကနေ ကွင်းပြင်ကို ထွက်လာကြချိန်မှာပဲ မိုးကြိုး တိုက်ရိုက်ထိမှန်ခဲ့တာပါ။
ဒီဖြစ်ရပ်အတွင်း အသက် ၃၉ နှစ်အရွယ် နောက်ခံလူ ဟူဂို ဒယ်လာခရုဇ်မက်ဇာ သေဆုံးခဲ့ရသလို နောက်ထပ် ၄ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလိုမျိုး ဒဏ်ရာရရှိခဲ့တဲ့ ကစားသမားတွေကို နီးစပ်ရာ ဆေးရုံတခုဆီ ပို့ဆောင်ပေးခဲ့ပြီး ဂိုးသမားဖြစ်သူကတော့ မီးလောင်ဒဏ်ရာကြောင့် စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုမျိုး မိုးကြိုးထိမှန်ချိန်မှာ ကွင်းထဲက ကစားသမား ၈ ယောက်လောက်ကို တပြိုင်တည်း လဲကျသွားခဲ့တာ တွေ့ရပါတယ်။
ဒေသစံတော်ချိန် ညနေ ၄ နာရီဝန်းကျင် ကိုတို-ကိုတို အားကစားကွင်းမှာ အဲဒီဒေသခံအသင်းဟာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။
Photo : Reuters