ပွဲစဉ်တွေ များအောင်ရေးဆွဲထားတဲ့အပေါ် ထိပ်တန်းကစားသမားတွေက ဆန္ဒပြတောင်း ဆိုသွားဖို့ရှိ ပါတယ်။
တရာသီအတွင်းမှာ ပွဲပေါင်း ၇၃ ပွဲအထိ ကစားရနိုင်ခြေရှိတာပါ။ ဒီအခြေအနေဟာ ကစားသမား တယောက်အတွက် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ရရှိဖို့ လုံလောက်တဲ့အခြေအနေမဟုတ်ကြောင်း၊ တရာသီအတွင်းမှာပွဲ ပေါင် ၄၀-၅၀ လောက် ကစားမယ်ဆိုရင် လုံလောက်ကြောင်း လီဗာပူး ဂိုးသမား အီဒါဆန်က ပြောပါတယ်။
မန်စီးတီးကွင်းလယ်လူ ရိုဒရီကတော့ ကစားသမားတယောက်ဟာ တရာသီအတွင်း ပွဲပေါင်း ၄၀၊ ၅၀ လောက်သာ ကစားသင့်ကြောင်း၊ ငွေကြေးနဲ့ ကြော်ငြာတွေအတွက် မဖြစ်သင့်ကြောင်း၊ ပွဲဆက်များတဲ့အပေါ် ဆန္ဒပြတောင်းဆို သွားဖို့လည်းရှိတယ်လို့ ပြောပါတယ်။
PFA လို့ခေါ်တဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်ဘက်ကတော့ ပွဲဆက်များတဲ့ကိစ္စကို ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အထိ တိုင်ကြားသွားမယ်လို့ သိရပါတယ်။
Photo-Reuters