Home
မြန်မာသတင်း
တန်ဆောင်မုန်းလပြည့်ည တောင်ကြီးမီးပုံးပျံပွဲ လူတိုးမပေါက်အောင်စည်ကား
DVB
·
November 16, 2024
Photo-ဝေယံဦးကြည်
Photo-ဝေယံဦးကြည်
Photo-ဝေယံဦးကြည်
Photo-ဝေယံဦးကြည်
Photo-ဝေယံဦးကြည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အဝေရာမီးပုံပျံကွင်းမှာ တန်ဆောင်မုန်းလပြည့်ည နိုဝင်ဘာ ၁၅ ရက်နေ့က ညမီးကြီး ၄ လုံးနဲ့ စိန်နားပန် ၂ လုံး လွှတ်တင်ခဲ့ပြီး အရင်ရက်တွေကထက် လာရောက်ကြည့်ရှုသူ ပိုများတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မီးပုံပျံလွှတ်တင်တာကို ည ၇ နာရီလောက်မှစပေမဲ့ ညနေ ၄ နာရီခွဲလောက်ကတည်းက ကွင်းအတွင်း လူတဝက်နီးပါးလောက်ပြည့်နေတာကိုတွေ့ရပြီး မီးပုံပျံကွင်းလယ်က မီးပုံလွှတ်မယ့်နေရာ ပတ်လည်ကို သံဇကာခတ်ထားပြီး သက်ဆိုင်သူတွေပဲ ဝင်ခွင့်ရကြပါတယ်။

မြို့ခံတယောက်က “အရင်နှစ်ကထက်လည်း ပိုစည်တယ်။ လူလည်း ပိုများတယ်။ စတိတ်ရှိုးပွဲတော့ လူအပြည့်ပဲ” လို့ ပြောပါတယ်။

ရိုးရာပွဲဖြစ်ပေမဲ့ ရိုးရာအင်္ကျီ၊ ဒေသလက်မှုပစ္စည်းနဲ့ အစားအသောက်တွေထက် အသင့်စား အကင်ဆိုင်တွေနဲ့ ဘီယာ‌ဆိုင်တွေပဲ ပိုများတာတွေ့ရသလို ညနေ ၆ နာရီလောက်ကနေ ည ၁၂ နာရီအထိ ကွင်းအနောက်ဘက် ဖျော်ဖြေရေးစင်မှာ ဒီဂျေတေးဂီတ K-pop နဲ့အတူ ကခုန်ပေါက်နေတဲ့ လူငယ်၊ လူရွယ်အများစုကို တွေ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024