ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့တော်တောင်ကြီးမှာ ကျင်းပတဲ့ တန်ဆောင်တိုင်ပွဲမှာ အခုနှစ် စည်ကားနေပြီး လူတိုးလို့မရတော့တဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။
အခုနှစ် တန်ဆောင်တိုင်ပွဲကျင်းပတာ ၃ ည ပြီးခဲ့ပြီဖြစ်ပြီး ၃ ညစလုံး ကွင်းအပြည့် လူများပြီး တိုးလို့မရတော့တဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
တောင်ကြီးမြို့ မီးပုံးပျံပွဲကို စစ်ကောင်စီက နိုဝင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်အထိ ကျင်းပပြီး ညဘက်လွှတ် မီးပုံးပျံအကြီး ၄၇ လုံး၊ နေ့လွှတ်မီးပုံပျံအကြီး ၂၀၉ လုံး ပါဝင်ကြောင်း ရှမ်းပြည်တောင်ပိုင်း ရိုးရာ မီးပုံးပျံပညာရှင်များအသင်းထံက သိရပါတယ်။
ဒါ့အပြင် ပွဲမှာ သရုပ်ဆောင် နန်းခင်ဇေယျာ၊ မော်ဒယ်သရုပ်ဆောင် မင်းသွေ့ခန့် အပြင် တခြား နာမည်ကြီး အနုပညာရှင်များစွာလည်း လာရောက်ဖျော်ဖြေပေးခဲ့ပါတယ်။