ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ နှစ်ဘက် သဘောတူစာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။
အသက် ၃၁ နှစ်ရှိ ပြင်သစ်ကွင်းလယ်လူဟာ တားမြစ်ဆေး သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ၄ နှစ် ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရပေမဲ့ ၁၈ လ ပွဲပယ်ပြစ်ဒဏ် ပြောင်းလဲ သတ်မှတ်ခဲ့တာပါ။
လာမယ့်နှစ် ဇန်နဝါရီလကစတင်ပြီး ဘောလုံးနဲ့ အတူလေ့ကျင့်ခန်း စတင်လုပ်ဆောင်ခွင့်ရမယ့် ပေါ့ဘာဟာ ၂၀၂၅ ခုနှစ်မတ်လမှ စတင်ကစားခွင့်ရရှိမယ်လို့သိရပါတယ်။
ပေါ့ဘာ အနေနဲ့ အနာဂတ်မှာ အကောင်းဆုံးတွေဖြစ်လာပါစေကြောင်း ဂျူဗင်တပ်အသင်းဘက်က ထုတ်ပြန်ခဲ့ပါတယ်။
ပေါ့ဘာဟာ နိုဝင်ဘာ ၃၀ ရက်မှာ ဂျူဗင်တပ်ကနေ ထွက်ခွါမှာဖြစ်ပြီး အသင်းသစ်ရှာဖွေ သွားရမှာဖြစ်ပါတယ်။