Home
မြန်မာသတင်း
အမ်းမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်း တပ်ခွဲ ၈ ခုကို သိမ်းပိုက်ထားဟု AA ထုတ်ပြန်
DVB
·
November 14, 2024
Photo: AA Info Desk
Photo: AA Info Desk
Photo: AA Info Desk
Photo: AA Info Desk
Photo: AA Info Desk
Photo: AA Info Desk
Photo: AA Info Desk

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ထိုးစစ်ဆင် တိုက်ခိုက်နေစဉ်အတွင်း အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားခဲ့တဲ့ တပ်စခန်းတွေထဲက မှတ်တမ်းပုံတချို့ကို  နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ဖော်ပြသပါတယ်။

နပခ လက်အောက်ခံ တပ်တွေထဲက အာရက္ခတပ်တော် သိမ်းပိုက်ထားနိုင်တဲ့ တပ်ရင်း တပ်ခွဲ ၈ ခုထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

အဲဒီ တပ်ရင်း တပ်ဖွဲ့ ၈ ခုမှာ စစ်ဖက်ရေးရာလုံခြုံရေးတပ် (စရဖ - စရတ) ဌာနချုပ်ရုံး၊ အမှတ် ၃၇၃ ခြေမြန်တပ်ရင်း၊ အမှတ် ၃၄၅ စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ အမှတ်-၂ ခုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းနဲ့ အမှတ် ၃၇၄ အမြောက်တပ်ရင်း၊ အမှတ် ၇၅၇ လျှပ်စစ်အလုပ်ရုံတပ်ခွဲအပြင် လေကြောင်းရန်ကာကွယ်ရေးတပ်တို့ ပါဝင်ကြောင်း AA က ထုတ်ပြန်ခဲ့တာပါ။

အလားတူ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် နပခလက်အောက်ခံ တပ်ရင်းတပ်ခွဲတွေ ဖြစ်တဲ့ အမှတ် ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၃၇၁ ခြေမြန်တပ်ရင်း၊ အမှတ် ၃၇၂ ခြေမြန်တပ်ရင်း၊ အမှတ် ၇၅၇/၂ လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် ၉၂၆ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် ၉ ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၁၀ တပ်ထိန်းတပ်ခွဲနဲ့ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း စုစုပေါင်း ဌာနချုပ်/တပ်ရင်း/တပ်ခွဲပေါင်း ၁၀ ခုကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း AA ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အာရက္ခတပ်တော်အနေနဲ့ လက်ရှိသိမ်းပိုက်ရရှိထားတဲ့ တပ်ရင်းတပ်ခွဲ ၈ ခုကနေ ထွက်ပြေးလွတ်မြောက်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်း တိုက်ခိုက်နေတဲ့အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း အာရက္ခတပ်တော် (AA) သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013