တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ အာကာသလုပ်ငန်းနယ်ပယ်က စွမ်းရည်တွေကို နိုဝင်ဘာ ၁၂ ရက်မှာ ကျင်းပတဲ့ ကျူးဟိုင် လေကြောင်းပြပွဲရဲ့ ပထမဆုံးနေ့မှာ တက်ရောက်လာသူတွေက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
J-20 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ် ၄ စင်းပါတဲ့ တရုတ်ရဲ့ ပါးယီ လေယာဉ်ကျွမ်းဘားတပ်ဖွဲ့နဲ့ J-35A ကိုယ်ပျောက်တိုက်လေယာဉ်တွေကလည်း ပွဲတက်ရောက်သူတွေရဲ့ ခေါင်းပေါ်ကနေ ပျံသန်းစွမ်းရည်ပြခဲ့ကြတာပါ။
ရုရှားကလည်း သူ့ရဲ့အဆင့်မြင့်ဆုံး တိုက်လေယာဉ် ဖြစ်တဲ့ SU-57 ကို ပထမဆုံး ပြည်ပလေကြောင်းပြပွဲအတွက် ကျူးဟိုင်မြို့ဆီ စေလွှတ်ပျံသန်းခဲ့တာပါ။
တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေအတွက် ထင်ရှားတဲ့ သတင်းစကား ပေးပို့ခဲ့ပါတယ်။
ကျွမ်းကျင်သူတွေက မျိုးစုံဘက်စုံသုံးနိုင်အောင် ပြုပြင်မွမ်းမံထားတဲ့ Z-20 ရဟတ်ယာဉ်ကိုလည်း ပြသထားပါတယ်။
ရေငုပ်သင်္ဘောတွေကို ခြေရာခံပြီး တိုက်ခိုက်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပုံစံဟာ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်ကို မိခင်နိုင်ငံ ကမ်းရိုးတန်းရဲ့ အဝေးမှာ လုပ်ငန်းလည်ပတ်နိုင်စေဖို့ အထောက်အကူပြုလို့ အထူးစိတ်ဝင်စားစရာကောင်းတယ်လို့ ယူဆထားကြပါတယ်။
အခုနှစ် ကျူးဟိုင် လေကြောင်းပြပွဲဟာ တရုတ်အစိုးရက COVID-19 မူဝါဒနဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေကို ၂၀၂၃ ခုနှစ်မှာ ရုပ်သိမ်းပြီးတဲ့နောက် ပထမဆုံးပြပွဲ ဖြစ်ပါတယ်။ ဒီလေကြောင်းပြပွဲဟာ နိုဝင်ဘာ ၁၇ ရက်နေ့အထိ ၆ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။
Source: Reuters