ဗြိတိန်နိုင်ငံ အင်္ဂလန်နယ်အလယ်ပိုင်းက စက်ရုံတရုံမှာ ဗြိတိန်စစ်တပ်အတွက် ခွေးကောင်ရေ ၅၀၀ ကျော်ကို လေ့ကျင့်ပေးနေပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက သူတို့ရဲ့ခွေး သားမွေး အစီအစဉ်အတွက် ၅ နှစ်တာကာလအတွင်း ဆာရေးမြို့ အခြေစိုက် ဗွန်ဝုဖ် အားကစားနဲ့ ဝန်ဆောင်မှုဆိုင်ရာ ခွေးကိရိယာ လီမိတဒ်ကနေ စက်ပစ္စည်းကိရိယာတွေ ထုတ်လုပ်ဖို့ ပေါင် ၃ ဒသမ ၁ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။
လက်ရှိမှာ လူ ၄ ဦးသာ အလုပ်ခန့်ထားတဲ့ ဒီကုမ္ပဏီက စက်ကိရိယာတွေကို ခွေးလေးတွေ သက်သောင့်သက်သာရှိအောင် ဒီဇိုင်းထုတ်ထားတယ်လို့ ပြောပါတယ်။
ဗြိတိသျှစစ်တပ်က ဂျာမန်၊ ဘယ်လ်ဂျီယံနဲ့ ဒတ်ခ်ျ သိုးထိန်းခွေးတွေအပြင် စပရင်းစပနီရယ်နဲ့ လဘရာဒါမျိုး ခွေးတွေအပါအဝင် ပြည်တွင်း ပြည်ပ စစ်ဆင်ရေးတွေမှာ ခွေးမျိုးစိတ် အများအပြားကို သုံးထားပါတယ်။
ရဲရင့်တဲ့ ခွေးတွေကို စစ်မှုထမ်းတာဝန်ရဲ့ တစိတ်တပိုင်းအဖြစ် ဖောက်ခွဲရေးပစ္စည်းတွေ၊ လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့ မော်တော်ယာဉ်တွေကို ရှာဖွေဖော်ထုတ်ဖို့ လေ့ကျင့်ထားပါတယ်။ စစ်ခွေးတွေဟာ သူတို့ရဲ့ ခွေးထိန်းတွေကို ကာကွယ်ပေးသူတွေလည်း ဖြစ်လာပါတယ်။
Source: Reuters