Home
အားကစား
မောင်အိုလံပီယာ ပြိုင်ပွဲတွင် ဗြိတိန်နိုင်ငံသား ဆမ်ဆန်ဒေါ်ဒါ ဗိုလ်စွဲ
DVB
·
October 15, 2024

အကြိမ် ၆၀ မြောက် မောင်အိုလံပီယာ (Mr Olympia) ပြိုင်ပွဲမှာ နိုင်ဂျီးရီးယားခြင်္သေ့ကြီးလို့ တင်စားခေါ်ဝေါ်တဲ့ ဆမ်ဆန်ဒေါ်ဒါက ချန်ပီယံဖြစ်ခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ဗြိတိန်နိုင်ငံသား ဆမ်ဆန်ဒေါ်ဒါ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့လို့ ၁၉၉၇ ခုနှစ်နောက်ပိုင်း ဗြိတိန်နိုင်ငံအတွက် အိုလံပီယာပြိုင်ပွဲမှာ ပထမဆုံး ပြန်လည်ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်က Mr Olympia ဆုရခဲ့တဲ့ အမေရိကန်နိုင်ငံသား လန်ဖော့ကတော့ ဒီနှစ်မှာ တတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Mr Olympia ဖြစ်ခဲ့တဲ့ ဆမ်ဆန်ဒေါ်ဒါဟာ အီရန်နိုင်ငံသား ဟာဒီချူပန်နဲ့ အဓိက ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ Mr Olympia ဖြစ်ခဲ့တဲ့ ဟာဒီချူပန်ဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားခဲ့ပေမဲ့ ဆမ်ဆန်ဒေါ်ဒါက သူ့ရဲ့ ကာယဗလ သက်တမ်းတလျှောက် ပထမဆုံး မောင်အိုလံပီယာ ဖြစ်လာတာပါ။

နိုင်ဂျီးရီးယားနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဒေါ်ဒါဟာ ဆယ်ကျော်သက်အရွယ်မှာ ဗြိတိန်ကို ပြောင်းခဲ့ပြီး ငယ်စဉ်က ရပ်ဂ်ဘီကစားသမားဖြစ်လာဖို့ စိတ်ဝင်စားခဲ့သူပါ။

ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ အမေရိကန် ကာယဗလမောင် ဖီးလ်ဟတ် မောင်အိုလံပီယာဆု ရခဲ့တာကို အားကျရာကနေ ကာယဗလမောင်ဖြစ်အောင် ကြိုးစားခဲ့သူဖြစ်ပါတယ်။

ဒေါ်ဒါဟာ ၂၀၁၄ ခုနှစ်မှာ ကာယဗလမောင်ပြိုင်ပွဲ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ IFBB အပျော်တမ်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကစပြီး ပရော်ဖက်ရှင်နယ်ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

ဒေါ်ဒါဟာ ၂၀၂၄ ခုနှစ်အတွင်း အာနိုးကလပ်စစ်ပြိုင်ပွဲ ၂ ခုမှာ ဒုတိယ ၂ ကြိမ်ရခဲ့ပြီး ပြင်သစ် IFBB pro ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ဒေါ်ဒန်ဟာ ၂၀၂၂ ခုနှစ် Mr Olympia ပြိုင်ပွဲမှာ အဆင့် ၆ ရရှိခဲ့ဖူးပြီး ၂၀၂၃ Mr Olympia ပြိုင်ပွဲမှာ အဆင့် ၃ ရရှိခဲ့သူ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013