ဗြိတိန်တော်ဝင်မင်းသား အသက် ၄၀ အရွယ် ဆက်စ်ဇက်စ်ခ်မြို့စား မင်းသား ဟယ်ရီဟာ စက်တင်ဘာ ၂၄ ရက်က နယူးယောက်မှာကျင်းပတဲ့ ၂၀၂၄ ကလင်တန် ကမ္ဘာလုံးဆိုင်ရာ စဦးဆောင်ရွက်လှုပ်ရှားပွဲကို တက်ရောက်ရင်း ကလေးတွေအပေါ် ဆိုရှယ်မီဒီယာရဲ့ အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေအကြောင်း မိဘတွေကို သတိပေးခဲ့ပါတယ်။
လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းတွေက စွဲလမ်းမှုကို ဖန်တီးဖို့ ဒီဇိုင်းထုတ်ထားပါတယ်လို့ မင်းသားဟယ်ရီက ပြောပါတယ်။
“ကလေးတွေ ဘယ်တော့မှ မထိတွေ့စေရဘူးဆိုတဲ့ အကြောင်းအရာတွေကို အတင်းအကျပ် သိမြင် လက်လှမ်းမီစေပြီး စိတ်လွတ်လက်လွတ်၊ အဆုံးမရှိ၊ ထုံကျင်နေတဲ့အထိ၊ သုံးမိနေကြတယ်။ ဒါက ကိုယ့်ဆန္ဒ သဘောအလျောက် မဟုတ်ဘူး” လို့ ဟယ်ရီက ပြောပါတယ်။
တော်ဝင်မင်းသား ဟယ်ရီက သူ့ဖုန်းကိုထုတ်ရင်း သူ့ဖုန်းမျက်နှာပြင်မှာ သော့ခတ် သိမ်းထားတဲ့ သူ့ကလေးတွေဖြစ်တဲ့ အာချေးနဲ့ လီလီဘတ်ထ်တို့ရဲ့ ပုံတပုံကို ညွှန်ပြရင်း သူတို့က ဆိုရှယ်မီဒီယာသုံးခြင်းရဲ့ သားကောင်တွေပဲလို့ ပရိသတ်ကို ပြောခဲ့ပါတယ်။
ဟယ်ရီနဲ့ သူ့ဇနီး မီဂံတို့ရဲ့ ပရဟိတလုပ်ငန်းဖြစ်တဲ့ အာချေးဝဲလ် ဖောင်ဒေးရှင်းအတွက် သူတို့ရဲ့ဇာတ်လမ်းက လှုံ့ဆော်မှုဖြစ်ပြီး အွန်လိုင်းအန္တရာယ်ကြောင့် ထိခိုက်ခံစားရတဲ့ ကလေးတွေရဲ့ မိဘတွေအတွက် ပံ့ပိုးကူညီတဲ့ မိဘများကွန်ရက်ကို စတင်တည်ထောင် မိတ်ဆက်ခဲ့တယ်လို့ မင်းသားဟယ်ရီက ပြောကြားခဲ့ပါတယ်။
Source-Reuters