Home
အားကစား
ဆိုရှယ်မီဒီယာတွင် Follower ၁ ဘီလီယံပြည့်သူအဖြစ် ရော်နယ်ဒို စံချိန်တင်
DVB
·
September 15, 2024
Photo - REUTERS/Pedro Nunes

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာအကောင့်တွေမှာ Follower ၁ ဘီလီယံပြည့်သွားတဲ့ ပထမဆုံးလူ ဖြစ်လာပါတယ်။ 

Instagram၊ Facebook၊ Twitter၊ YouTube စတဲ့ ဆိုရှယ်မီဒီယာတွေ အပါအဝင် တရုတ်ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Weibo နဲ့ Kuaishou တို့အားလုံးပေါင်းရဲ့ Follower အရေအတွက် ၁ ဘီလီယံပြည့်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ TikTok နဲ့ Threads မှာတော့ အကောင့်ဖွင့်ထားခြင်း မရှိဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။

ဆိုရှယ်မီဒီယာတွေထဲမှာ ရော်နယ်ဒို ပြီးရင် Follower အများဆုံးက ဆလီနာဂိုမက်ဇ် ဖြစ်ပြီး သန်း ၆၉၀ ရှိကာ မက်ဆီက တတိယနေရာ သန်း ၆၂၃ သန်းရှိပါတယ်။

ဂျက်စတင်ဘီဘာက ၆၀၇ သန်းရှိပြီး တေလာဆွစ်က ၅၇၄ သန်းရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းအစုံမှာ ရော်နယ်ဒိုရဲ့ Follower အရေအတွက်က ဂျက်စတင်ဘီဘာ၊ တေလာဆွစ်၊ ဆလီနာဂိုမက်ဇ် တို့ထက်များတာ တွေ့ရပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက YouTube ချန်နယ်တခု ထောင်ခဲ့ပြီးနောက် ၁ ပတ်အတွင်း သန်း ၅၀ Subscriber ရှိခဲ့တာကြောင့် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေအားလုံးပေါင်းမှာ Follower ၁ ဘီလီယံကျော်ခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက YouTube ချန်နယ် ဖွင့်ထားတဲ့ မက်ဆီကတော့  ၃ဒသမ၅ သန်း Subscribe လုပ်ထားပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝတလျှောက် စံချိန်တွေကို ချိုးဖျက်သူအဖြစ် မှတ်တမ်းတင်ခံထားရသူ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဂိုးအများဆုံးသွင်းသူ၊ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ ဂိုးအများဆုံးသွင်းသူ၊ ကစားသမားဘဝတလျှောက် ဂိုး ၉၀၀ သွင်းနိုင်သူ စတဲ့ စံချိန်တွေအပြင် နိုင်ငံတကာပွဲ အများဆုံးစံချိန်ပါ ရရှိအောင် ကြိုးစားနေပါတယ်။

ရော်နယ်ဒိုရဲ့ လက်ရှိ ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း ၂၆၀ ရှိပြီး အားကစားသမားတွေအနက် အများဆုံးဖြစ်တယ်လို့ ဖို့ဘ်မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013