Home
အားကစား
ရော်နယ်ဒိုနှင့် မက်ဆီတို့ရဲ့ သွင်းဂိုး စံချိန်များကို ဟာလန်း ကျော်ဖြတ်လိမ့်မည်ဟု သုံးသပ်
DVB
·
September 1, 2024
Photo - Reuters/Hannah Mckay/John Sibley/Ahmed Yosri

မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ သွင်းဂိုးစံချိန်တွေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း မီကာရစ်ချတ်က သုံးသပ်သွားပါတယ်။

ဟာလန်းဟာ မနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ဟတ်ထရစ် ၃ ဂိုးသွင်းခဲ့ပြီး ပရီးမီးယားလိဂ် ၃ ပွဲမှာ ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ 

အသက် ၂၄ နှစ်ရှိ ဟာလန်းဟာ နိုင်ငံနဲ့ ကလပ်အသင်းတွေအတွက် စုစုပေါင်း ၃၁၇ ပွဲ ကစား အပြီးမှာ ၂၆၃ ဂိုးသွင်းယူထားတာပါ။ 

အသက် ၃၉ နှစ်ရှိ စီရော်နယ်ဒိုက ပွဲပေါင်း ၁၂၃၅ ပွဲမှာ ၈၉၉ ဂိုး အထိသွင်းယူပြီး စံချိန်တင်ထားတာပါ။

အသက် ၃၇ နှစ်ရှိ မက်ဆီက ပွဲပေါင်း ၁၀၆၉ ပွဲမှာ ၈၃၈ ဂိုး သွင်းယူထားပါတယ်။ ဟာလန်းဟာ အသက် ၂၄ နှစ်ပဲရှိသေးတာကြောင့် အနာဂတ်မှာ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ သွင်းဂိုးစံချိန်တွေကို ကျော်ဖြတ်လိမ့်မယ်လို့ မီကာရစ်ချတ်က ပြောပါတယ်။ 

လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ဂျေမီရတ်နက်ပ်ကလည်း မီကာရစ်ချတ်ရဲ့သုံးသပ်ချက်ကို ထောက်ခံခဲ့ပြီး ပွဲပေါင်း ၃၁၇ပွဲမှာ ၂၆၃ ဂိုးသွင်းယူနိုင်ဖို့က အလွန်ခက်ခဲကြောင်း ဟာလန်းကို ချီးကျူးသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013