Santander ဘဏ္ဍာရေးလုပ်ငန်းစု ဗြိတိန်အခြေစိုက်လုပ်ငန်းမှာ ကုန်ကျစရိတ်ဖြတ်တောက်မှု ပြီးဆုံးချိန်မှာ အလုပ်အကိုင် ၁,၄၀၀ ကျော်ကို လျှော့ချ ဖြတ်တောက်မယ်လို့ စပိန်ဘဏ်ရဲ့ အမှုဆောင်အရာရှိချုပ် ဟက်တာ ဂရီဇီက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။
ဂရီဇီဟာ အရင်က အလုပ်ထုတ်မယ့်လူ အရေအတွက်ကို အတိအကျ မပြောခဲ့ပေမဲ့ ခုတော့ “၁,၄၂၅ ယောက်ဟာ ကျနော်တို့လျှော့ချမယ့် အရေအတွက်ပါ” လို့ ပြောခဲ့ပါတယ်။
ဗြိတိန်ရဲ့ ချေးငွေစာချုပ်ဈေးကွက်မှာ ပြိုင်ဆိုင်မှု အခင်းအကျင်းတွေအကြား ကမ္ဘာတဝန်းက ငွေချေးပေးသူတွေဟာ ဖောက်သည်တွေကို ပိုကောင်းကောင်း ဝန်ဆောင်မှုပေးနိုင်ဖို့ အွန်လိုင်း ဘဏ်စနစ်ဆီ ကူးပြောင်းနေလို့ ထပ်လောင်းအစီအစဉ်ကို စီစဉ်ဆောင်ရွက်နေပါတယ်။
ငွေချေးပေးသူ Santander ဟာ ထိရောက်တဲ့ အစီအစဥ် တစိတ်တပိုင်းအနေနဲ့ ဗြိတိန်နိုင်ငံထဲက ဒေသန္တရရုံးချုပ်မှာ ဝန်ထမ်းတွေကို အသုတ်လိုက် အလုပ်ဖြုတ်နေတာ ဖြစ်ပြီး တသုတ်ကိုတော့ ဖြုတ်ပြီးပြီလို့ ကိန်းဂဏန်းမဖော်ပြဘဲ ဒီကိစ္စနဲ့ နီးစပ်သူတယောက်က သောကြာနေ့မှာ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက ဗြိတိန်အခြေစိုက် Santander ဘဏ်မှာ ဝန်ထမ်း ၂၁,၈၁၂ ယောက် ရှိခဲ့ပါတယ်။
Source-Reuters