မန်ယူနည်းပြသစ် အာမိုရင်ဟာ ယူကေမှာ အလုပ်ပါမစ် မရသေးတာကြောင့် အခုရက်ပိုင်းအတွင်းမှာ အသင်းကို စတင်တာဝန်ယူခွင့်ရမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။
ပေါ်တူဂီနည်းပြဟာ ဒီကနေ့ တနင်္လာနေ့မှာ မန်ယူအသင်းဆီ ရောက်ရှိလာမှာ ဖြစ်ပေမဲ့ အလုပ်ပါမစ် လျှောက်ထားနေဆဲဖြစ်လို့ အသင်းကို တရားဝင်ကိုင်တွယ်ခွင့်ရရှိမှာ မဟုတ်ပါဘူး။
ကစားသမား အများစုဟာလည်း နိုင်ငံအသင်းတွေနဲ့ အတူပူးပေါင်းရမှာဖြစ်လို့ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှသာ လူစုံလေ့ကျင့်နိုင်မှာပါ။
မန်ယူအသင်းဟာ နည်းပြအာမိုရင်ကို မန်ချက်စတာမှာ အခြေတကျဖြစ်ဖို့အတွက် ကူညီပေးနေပြီး နေအိမ် ရှာဖွေပေးမှုတွေလည်း လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
နည်းပြအာမိုရင်အတွက် မန်ယူနည်းပြဘဝ ပထမဆုံးပွဲစဉ်ဖြစ်လာမယ့် နိုဝင်ဘာ ၂၄ ရက်မှာ တန်းတက်အသင်း အစ်ဆွစ်နဲ့ အဝေးကွင်းပွဲ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။