နည်းပြအာမိုရင်ရဲ့ ကစားကွက်ကို မန်ယူအသင်းသားတွေ အံဝင်အောင်ကစားနိုင်တယ်လို ဂိုးသမား အိုနာနာက ပြောသွားပါတယ်။
မန်ယူနည်းပြသစ်အာမိုရင်ဟာ စပိုတင်းလစ္စဘွန်းမှာ ၃-၄-၃ ကစားကွက်ကို အခြေခံပြီး ပွဲထွက်လူစာရင်း ခင်းကျင်းခဲ့တာပါ။
မန်ယူအသင်းဟာ ယာယီ နည်းပြ နစ္စတယ်ရွိင်းရဲ့ လက်ထက်မှာလည်း နည်းပြတန်ဟတ်ဂ်ရဲ့ လက်ထက်က ၄-၂-၃-၁ ကစားကွက်နဲ့ ဆက်လက်ပွဲထုတ်နေတာပါ။
ကစားပုံအပြောင်းအလဲရှိပေမဲ့ အသင်းဖော်တွေဘက်က အံဝင်အောင် ကစားနိုင်စွမ်းရှိတာကြောင့် ကစားကွက်ကိစ္စက ပြဿနာတခုဖြစ်လာမှာမဟုတ်ကြောင်း ဂိုးသမား အိုနာနာက ပြောပါတယ်။
အသင်းမှာ ထိပ်တန်းအဆင့်ကစားသမားတွေရှိတာကြောင့် နည်းပြသစရဲ့ ကစားကွက်အပေါ် လိုက်ပါကစားပေးလိမ့်မယ်လို ဆိုပါတယ်။
Photo-Reuters