တောင်ကိုရီးယားနိုင်ငံ ဂျဲဂျူးကျွန်း ကမ်းလွန်ရေပြင်မှာ နိုဝင်ဘာ ၈ ရက်က ငါးဖမ်းလှေတစီး နစ်မြုပ်ခဲ့ပြီးနောက် လူ ၂ ယောက် သေဆုံးပြီး ၁၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မီးသတ်နဲ့ ဘေးကင်းရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
အာဏာပိုင်တွေဟာ တောင်ကိုရီးယားဆိပ်ကမ်းမြို့ ဘူဆန်ကနေ ထွက်သွားတဲ့ လှေကို အချိန်နာရီ အစောပိုင်းမှာ ခြေရာခံ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ကြောင်း ဂျဲဂျူမြို့ အစိုးရက ပြောကြားခဲ့ပါတယ်။
အဲဒီသင်္ဘောမှာ လူ ၂၇ ယောက်ကို တင်ဆောင်ထားပြီး ကယ်ဆယ်နိုင်သူတွေထဲမှာ နိုင်ငံခြားသားတွေ ပါဝင်ကြောင်းနဲ့ သေဆုံးသူတွေထဲမှာ တောင်ကိုရီးယားနိုင်ငံသား ၂ ယောက် ပါဝင်တယ်လို့ အရာရှိက ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဟာ အခင်းဖြစ်တဲ့ရက်က မနက် ၄ နာရီ ၃၃ မိနစ်အချိန်လောက်မှာ အရေးပေါ်ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီး အကူအညီတောင်းခံတဲ့နေရာဟာ ဂျဲဂျူးကျွန်း ကမ်းလွန်ရှိ ကျွန်းတကျွန်းကနေ ၂၄ ကီလိုမီတာ ကွာဝေးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သမ္မတ ယွန်းဆုခ်ယိုးလ်ဟာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ရရှိနိုင်သမျှ အရင်းအမြစ်များအားလုံးကို ဖြန့်ကြက်ချထားဖို့ အမိန့်ထုတ်ထားကြောင်း သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
Source: Reuters