ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲ ဂျိုးဇက်ဘော်ရယ်ဟာ တောင်ကိုရီးယား နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး ချိုတေးယွန်နဲ့ နိုဝင်ဘာ ၄ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ယူကရိန်းနဲ့ စစ်ပွဲအတွက် ရုရှားနိုင်ငံဆီ မြောက်ကိုရီးယားတပ်တွေ စေလွှတ်မှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားမှာ စိုးရိမ်မှုတွေ တိုးလာနေချိန်မှာ ခုလို တွေ့ဆုံဆွေးနွေးတာပါ။
ယူကရိန်းနဲ့ စစ်ပွဲအတွက် ရုရှားနိုင်ငံဆီကို မြောက်ကိုရီးယားတပ်တွေ လွှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတို့က သတိပေး နှိုးဆော်နေချိန်မှာ EU နဲ့ တောင်ကိုရီးယားတို့ကြား ပထမဆုံး မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။
ဘော်ရယ်နဲ့ ချိုတို့ဟာ EU နဲ့ တောင်ကိုရီးယားတို့ကြား လုံခြုံရေးနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ် စိုးရိမ်ချက်တွေ တိုးလာတာကို ကိုးကားပြီး ပြောခဲ့တာပါ။
ဘော်ရယ်က ဂျပန်နိုင်ငံဆီ ခရီးထွက်ပြီးတဲ့နောက် တောင်ကိုရီးယားနိုင်ငံဆီ ရောက်လာပြီး ကိုရီးယား ၂ နိုင်ငံကို ပိုင်းခြားထားတဲ့ ခိုင်ခံ့တဲ့ စစ်မဲ့ဇုန်ဆီ သွားခဲ့တယ်လို့လည်း သူက ဆိုရှယ်မီဒီယာ ပလက်ဖောင်း X မှာ နိုဝင်ဘာ ၃ ရက်က ရေးသားခဲ့ပါတယ်။
Source : Reuters