လက်ဘနွန်တောင်ပိုင်းရှိ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ (UNIFIL) ပိုင် အဆောက်အဦတွေကို အစ္စရေးစစ်တပ်က တမင်တကာ တိုက်ရိုက်ဖျက်ဆီးပစ်တာဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ထင်ထင်ရှားရှား ချိုးဖောက်ခြင်းဖြစ်တယ်လို့ UNIFIL ကုလတပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။
အင်အား ၁၀၀၀၀ လောက်ရှိတဲ့ UNIFIL ကုလမစ်ရှင်အဖွဲ့ဟာ အစ္စရေးကနေ လက်ဘနွန်ကို ခွဲထုတ်ပိုင်းခြားထားတဲ့ အပြာမျဉ်းတလျှောက်က ပဋိပက္ခတွေကို စောင့်ကြည့်ဖို့အတွက် လက်ဘနွန်တောင်ပိုင်းမှာ တပ်စွဲထားတာပါ။
အစ္စရေးဟာ စက်တင်ဘာလကုန်မှာ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေကို ချေမှုန်းတဲ့ မြေပြင်စစ်ဆင်ရေးကို စတင်ခဲ့ပြီးချိန်ကတည်းက UNIFIL ကုလတပ်ဖွဲ့ဟာ အစ္စရေးစစ်တပ် (IDF) ရဲ့ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခြင်းနဲ့ ကင်းမျှော်စင်တွေကို ဖျက်ဆီးခြင်းတာ အပါအဝင် သူ့ရဲ့အခြေစိုက်စခန်းတွေကို တမင်ရည်ရွယ်ပြီး တိုက်ခိုက်မှု အကြိမ်ကြိမ် လုပ်နေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
အစ္စရေးကတော့ ဒီဖြစ်ရပ်တွေဟာ တမင်သက်သက် တိုက်ခိုက်မှု မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
ကုလသမဂ္ဂတပ်ဖွဲ့တွေဟာ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေအတွက် လူသားဒိုင်းတခု ပေးထားကြောင်း အစ္စရေးက ပြောကြားခဲ့ပြီး သူတို့ရဲ့လုံခြုံရေးအတွက် လက်ဘနွန် တောင်ပိုင်းကနေ ထွက်ခွာပေးဖို့ UNIFIL ကို တောင်းဆိုထားတာကိုလည်း ပယ်ချခဲ့တာလို့ ဆိုပါတယ်။
Source: Reuters