နေရပ်ရွှေ့ပြောင်းသူ ၃၀၀ ကျော် အမေရိကန်ကနေ ဂွါတီမာလာကို နိုဝင်ဘာ ၈ ရက်က ပြည်နှင် ဒဏ် ပေးခံခဲ့ရပါတယ်။
လေယာဉ် ၂ စီးမှာ ရွှေ့ပြောင်းအခြေချသူ ၃၉၄ ဦးပါဝင်ကြောင်း ဂွါတီမာလာ လူဝင်မှု ကြီးကြပ်ရေးက ပြောပါတယ်။
နေရပ်ရွှေ့ပြောင်းသူတွေဟာ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ရန် ကြိုးစားစဉ် အမေရိကန်-မက္ကဆီကို နယ်စပ်မှထိမ်းသိမ်းခံထားရသူတွေ ဖြစ်ပါတယ်။
ရွှေ့ပြောင်းသူတွေဟာ ဂွါဒီမာလာမှာ ဆင်းရဲခြင်း အလုပ်ရှားပါးခြင်းတို့ကြောင့် အမေရိကန် နိုင်ငံကို တရားမဝင် ဝင်ရောက်တာဖြစ်ပါတယ်။
မိမိတို့ ခိုးဖို့ ရောက်လာတာမဟုတ်ကြောင်း၊ မိမိနိုင်ငံရဲ့ ဆင်းရဲမှုဒဏ်ကို မခံစားနိုင်ခြင်းကြောင့် ရောက်လာခြင်းဖြစ်ကြောင်း၊ မိမိတို့ အလုပ်လုပ်ချင်ကြောင်းနဲ့ မိမိတို့ကို အခွင့်အရေးပေးဖို့ ဒေါ်နယ်ထရမ့်ကို ပြောချင်ကြောင်း ရွှေ့ပြောင်းသူ တဦးဖြစ်တဲ့ ဂျူအန်က ပြောပါတယ်။
ရွှေ့ပြောင်းအခြေချသူအများစုက သူတို့ဟာ ဒုစရိုက်လုပ်ဖို့ လာတာမဟုတ်တာကြောင့် သူတို့ကို အခွင့်အရေးတွေ ပေးသင့်ကြောင်း အကြံပြုထားပါတယ်။
“ကျတော်တိုက်တွန်းချင်တာက လူဝင်မှုကြီးကြပ်ရေးစည်းမျည်းတွေကို ပြင်ဆင်ပြီး ရွှေ့ပြောင်း အခြေချသူတွေကို ကူညီစေချင်ပါတယ်။ ကျနော်တို့အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက လာတီနိုတွေပါ။ အလုပ်လုပ်ဖို့ အမေရိကန်ကို လာကြတာပါ။ အမေရိကန်မှာ လာတီနိုကုမ္ပဏီတွေရှိပြီး အဲ့ဒီမှာ အလုပ်ရ ဖို့ ဆန္ဒရှိပါတယ်” လို့ ရွှေ့ပြောင်းအခြေချသူ မာနော့ဇ်က ပြောပါတယ်။
အဲ့ဒီကမှတဆင့် ဂွါတီမာလာနိုင်ငံကို ပြန်ပို့ဖို့ ဂွါတီမာလာလူဝင်မှုကြီးကြပ်ရေးက အကူအညီ ပေးခဲ့ရတာပါ။
ရွှေ့ပြောင်းသူတွေဟာ အမေရိကန်ကို အလုပ်ဗီဇာနဲ့ ဝင်ရောက်ခွင့်ကို ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပေးမယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း လက်တင်အမေရိက ရွှေ့ပြောင်းအခြေချသူထောင်ပေါင်းများစွာဟာ မက္ကဆီကို နိုင်ငံကို တရားမဝင် ဝင်ရောက်လေ့ရှိပါတယ်။
သူတို့ဟာ အမေရိကန်မှာ ပိုကောင်းတဲ့ လူမှုဘဝရရှိဖို့ မက္ကဆီကို နယ်စပ်ကနေ အမေရိကန်နိုင်ထဲကို ခိုးဝင်တာဖြစ်ပါတယ်။
Source: Reuters