Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတ ယွန်းနှင့် ထရမ့်ပ်တို့ လုံခြုံရေး၊ စီးပွားရေးဆက်ဆံမှု ဆက်လုပ်သွားရန် ဆွေးနွေး
DVB
·
November 7, 2024
Photo: JEON HEON-KYUN/Pool via REUTERS

တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးလ်ဟာ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ၁၂ မိနစ်ကြာ တယ်လီဖုန်းခေါ်ဆိုခဲ့ပြီး အမေရိကန်-တောင်ကိုရီးယား မဟာမိတ်အဖွဲ့အတွင်း လုံခြုံရေးနဲ့ စီးပွားရေးနယ်ပယ်ထဲက ကိစ္စရပ်အားလုံးမှာ အနီးကပ်ဆက်ဆံရေးကို ဆက်လုပ်သွားဖို့တွေကို ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယား အကြီးတန်းအရာရှိက နိုဝင်ဘာ ၇ ရက်မှာ ပြောပါတယ်။ 

“Make America Great Again ဆောင်ပုဒ်နဲ့ သမ္မတရာထူးရရှိခြင်းအတွက် ထရမ့်ပ်ကို သမ္မတယွန်းက ဂုဏ်ပြုစကားပြောကြားခဲ့ပြီး တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုရဲ့ အောင်မြင်မှုဟာ ထရမ့်ပ်ရဲ့ ပထမဆုံး သမ္မတသက်တမ်းအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်” သမ္မတယွန်းရဲ့ အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး ဂင်မ်ထဲဟျိုက သတင်းထောက်တွေကို ပြောပါတယ်။ 

ရွေးကောက်ခံသမ္မတထရမ့်ပ်ကလည်း နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဖို့ မျှော်လင့်ကြောင်းလည်း ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ 

သမ္မတ ယွန်းနဲ့ သမ္မတ ထရမ့်ပ် တို့ဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကျောထောက်နောက်ခံ ပြုထားတဲ့ မြောက်ကိုရီးယားရဲ့ တပ်ဖြန့်ချထားတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အကဲဖြတ်နေပြီး ယူကရိန်းမှာ တင်းမာနေတဲ့ အခြေအနေတွေနဲ့ ပြုံယမ်းရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှု အပါအဝင် ဆက်လက် စစ်ရေးရန်စမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေကို မျှဝေခဲ့ကြတယ်လို့လည်း ဂင်မ်ထဲဟျိုက ပြောပါတယ်။ 

ထရမ့်ပ်ဟာ သင်္ဘောတည်ဆောက်ရေးနဲ့ သင်္ဘောပြုပြင်ထိန်းသိမ်းမှုမှာ တောင်ကိုရီးယားရဲ့ အောင်မြင်မှုကို မှတ်ချက်ပြုခဲ့ပြီး အမေရိကန် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို တောင်ကိုရီးယားက ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ ဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ ပြောသွားကြောင်း သမ္မတ ယွန်းရဲ့ အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး ဂင်မ်ထဲဟျို က သတင်းထောက်တွေကို အကျဉ်းချုံး ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013