အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ပ်ကို ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုက ဂုဏ်ပြုစကားဆိုသွားပါတယ်။
ဖီဖာဥက္ကဋ္ဌဟာ ဒေါ်နယ်ထရမ့်ပ်ရဲ့ သမ္မတသက်တမ်း ပထမတကြိမ်ကတည်းက နီးနီးကပ်ကပ် တွေ့ဆုံခဲ့ဖူးပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ၁၉၉၄ ခုနှစ်နောက်ပိုင်း အမေရိကတိုက်မှာ ပြန်လည်ကျင်းပခွင့်ရရှိတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဖီဖာဥက္ကဋ္ဌနဲ့ အမေရိကန်သမ္မတတို့ ဆက်လက် ဆွေးနွေးညှိနှိုင်းသွားရဖို့ရှိပါတယ်။
သမ္မတကြီးအတွက် ဂုဏ်ယူပါကြောင်း ဆိုရှယ်မီဒီယာကနေ အင်ဖက်တီနိုက ရေးသား ဂုဏ်ပြုခဲ့တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ၄၈ သင်းအထိ တိုးမြှင့်ကျင်းပမှာဖြစ်လို့ ပြိုင်ပွဲရက်ကာလကလည်း ၃၉ ရက်အထိရှိလာမှာ ဖြစ်ပါတယ်။