မန်ယူနည်းပြအဖွဲ့ဝင် ဒါရင်းဖလက်ချာဟာ စတုတ္တဒိုင်ကို ဝေဖန်မှုကြောင့် ၃ ပွဲ ဆိုင်းငံ့ပြစ်ဒဏ်နဲ့ ဒဏ်ကြေး ပေါင် ၇၅၀၀ ချမှတ်ခံလိုက်ရပါတယ်။
ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ နောက်ခံလူ ဒီလစ်ကို ဆေးကုသမှုခံယူပြီး ကွင်းဘေးမှာရှိနေစဉ် ဂိုးပေးလိုက်ရတဲ့အပေါ် စတုတ္ထဒိုင်ကို ဖလက်ချာက ပြစ်တင်ဝေဖန်ခဲ့တာပါ။
အဲဒီကိစ္စအပေါ် ဝေဖန်တဲ့ နည်းပြချုပ် တန်ဟတ်ဂ်နဲ့ လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းတို့လည်း အဝါကတ်ကိုယ်စီ ပြသခံခဲ့ရပါသေးတယ်။
နည်းပြအဖွဲ့ဝင် ဖလက်ချာဟာ ပွဲအပြီး ဥမင်လမ်းတလျှောက်မှာ ကွင်းလယ်ဒိုင် ဆင်မြူရယ်နဲ့ စတုတ္ထဒိုင် ဂါဗင်ဝါ့ဒ်တို့ကို ပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်ခဲ့တာကြောင့် အက်ဖ်အေက အရေးယူခဲ့တာပါ။
မန်ယူမှာ ၁၃ နှစ်ကြာ ကစားခဲ့တဲ့ ဖလက်ချာဟာ အသင်းအတွက် ၃၄၂ ပွဲအထိကစားခဲ့သူ ဖြစ်ပါတယ်။
Photo: Reuters