Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် မှောင်ခိုသမားများလက်မှ တောရိုင်းငှက် ၆၅၀၀ ကျော်ကို ကယ်တင်ပြန်လွှတ်
DVB
·
November 9, 2024
Photo-Reuters

အင်ဒိုနီးရှားနိုင်ငံ၊ လမ်ဖွန်ပြည်နယ်မှာ မှောင်ခိုကူးခံရတဲ့ ငှက်ကောင်ရေ ၆၅၀၀ ကျော်ကို ငှက်မှောင်ခိုသမားတွေဆီကနေ ဖမ်းဆီးရမိခဲ့ပြီး  နိုဝင်ဘာ ၈ ရက်မှာ တောထဲကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်က ဘန်ဒါဘာကောက် ဂျာယာဆိပ်ကမ်းမှ ထရပ်ကားတစီးရဲ့နောက်ပိုင်းမှာ ပလတ်စတစ်သေတ္တာတွေထဲ ထည့်ထားတဲ့ ငှက်တွေကို ရှာတွေ့ခဲ့တာပါ။

ထရပ်ကားမောင်းနှင်သူ အင်ဒိုနီးရှားအမျိုးသားကို တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုနဲ့ ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဖမ်းခံရတဲ့ ဒရိုင်ဘာကတော့ ငှက်မှောင်ခိုလုပ်ငန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မသိကြောင်းနဲ့ ငှက်တွေကိုလည်း သာမန်ငှက်တွေလို့ပဲ ထင်မိကြောင်း သတင်းထောက်ကို ပြောပါတယ်။

တောရိုင်းတိရိစ္ဆာန်အဖွဲ့အစည်း Traffic ရဲ့ အဆိုအရ ဒီငှက်တွေကို အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာရှိတဲ့ ငှက်ဈေးကွက်ကို တင်ပို့ဖို့ဖြစ်ကြောင်း သိရပါတယ်။ ဒီဖမ်းဆီးရမိတဲ့ငှက်တွေထဲမှာ အင်ဒိုနီးရှား ဥပဒေအရ အကာအကွယ်ပေးထားရတဲ့ မျိုးစိတ် ၂၅၇ မျိုးကို တွေ့ရှိခဲ့ကြောင်းလည်း Traffic အဖွဲ့အစည်းက ပြောပါတယ်။

အင်ဒိုနီးရှားဥပဒေအရ ပြစ်မှုကျူးလွန်သူတွေကို မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်တွေတရားမဝင် မှောင်ခိုရောင်းဝယ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ်တို့ကို ချမှတ်နိုင်ပါတယ်။ ဒီလိုပြစ်ဒဏ်တွေ ချမှတ်နေတဲ့ကြားမှာပဲ အင်ဒိုနီးရှားကျွန်းစုရဲ့ အစိတ်အပိုင်းတွေတလျှောက်မှာ မှောင်ခိုအရောင်းအဝယ်တွေ ပျံ့နှံ့နေဆဲဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013